Thursday, March 14, 2019

Operational Amplifiers - Part 9

Operational Amplifiers - အပိုင်း (၉)

 Negative Feedback

 Op- amp circuit တေကွို အများအားဖြင့် negative feedback ပေးပြီးသုံးကြပါတယ်။ အကြမ်းအားဖြင့် output signal ကို non-inverting input သို့ တနည်းနည်းနဲ့ ပြန်ပေးရပါတယ်။ ကြားမှာ signal inversion ဖြစ်စေတဲ့ component များပါနေရင်တော့ non-inverting input ကို ပေးရပါတယ်။ ပုံ(၁) မှာ output နဲ့ inverting input ကြားမှာ resistor တလုံး သုံးထားခြင်းဖြင့် negative feedback ရစပေါတယ်။ Negative feedback ဟုတ်မဟုတ်ကိုတော့ Loop ကို တနေရာမှာ ဖြတ်ပြီး စိတ်ကူးနဲ့ signal တခု ထည့်ကြည့်ရပါတယ်။ ဖြတ်ထားတဲ့ တခြားတဘက်ကပြန်လာတဲ့ signal ဟာ ကိုယ်ထည့်လိုက်တဲ့ signal နဲ့ direction မတူရင် negative feedback တူရင် positive လို့ သိနိုင်ပါတယ်။ ဥပမာ- ပုံမှာ output ကိုဖြတ်ပြီး +DC Volt ထည့်လိုက်တယ်လို့ စဉ်းစားကြည့်ပါ။ အဲ့ဒီ volt ဟာ feedback resistor ကနေ inverting input ဘက်ရောက်ပြီး Vn ကိုမြင့်တက်စေပါတယ်။ op-amp ရဲ့ output volt ကို Vo = a ( vp-vn ) လို့ ပြနိုင်တာမို့ Vn မြင့်လာရင် Vo ကို လျှော့ နဲစေပါတယ်။ ဒါကြောင့် negative feedback ပါ။ တကယ်လို့ op-amp output မှာ inverter တခု သို့ common emitter bipolar junction transistor amplifier တခုသာခံလိုက်မယ်ဆိုရင် negative feedback ရဘို့ non-inverting input ကို feedback ပေးရမှာပါ။ ဒါကြောင့် negative feedback လိုချင်ရင် - input ကို feedback ပေးရတယ်လို့ အသမှေတ်မထားရပါ။ပုံ ( ၂ )
အဲ့ဒီ negative feedback ပေးထားတဲ့ op-amp circuit ကို input ၂ နေရာကနေ ပေးလို့ရပါတယ် ။ inverting input သို့ non-inverting input ကနေ  ပေးလို့ရတယ်။၂ ခုစလုံး ကနေ လည်း ပေးလို့ရပါတယ်။ input ၂ ခုကို vn နဲ့ vp လို့ အလယွ် သတ်မှတ်ပါမယ်။

https://scontent.fsin8-2.fna.fbcdn.net/v/t1.0-9/48372768_2254815344531552_5359192971415650304_n.jpg?_nc_cat=106&_nc_ht=scontent.fsin8-2.fna&oh=5f939d212eba4e0898459ad93fd7f239&oe=5D25B28D
ပုံ (၁) - Negative Feedback

https://scontent.fsin8-2.fna.fbcdn.net/v/t1.0-9/48194142_2254815367864883_4869226516786970624_n.jpg?_nc_cat=103&_nc_ht=scontent.fsin8-2.fna&oh=2c97ea5079c883e80e452ef2900e9061&oe=5D214FA2
ပုံ (၂) - Negative Feedback

Golden Rules

op-amp circuit တခုကို negative feedback ပေးထားတဲ့အခါ output saturate မဖြစ်ရင် အောက်ပါ ဥပဒေသ ၂ ခုကို သုံးနိုင်ပါတယ်။
၁။ vp = vn
၂ ။ ip = in = 0
ပါ။ ဒီ rule ၂ ခု ပုံ (၃)  ဟာ op-amp circuit အတော်များများရဲ့ အလုပ်လုပ်ပုံကိုနားလည်စေနိုင်တာမို့ တင်စားပြီး two golden rules လို့ခေါ်ကြပါတယ်။
ဒီ rule ၂ ခုကိုသုံးပြီး basic negative feedback circuit ကိုကြည့်ရင် input ၂ ခုရဲ့ မတူတဲ့ အရည်အသွေးကို သိနိုင်ပါတယ်။
ပုံ (၃) - Golden Rules

Low Impedance Input

input signal ကို vn ကနသေငွ်းမယ်ဆိုရင် vp ကို ground ချထားရပါမယ်။ တနည်းအားဖြင့် vp ဟာ zero volt ဖြစ်နေပါတယ်။ တခါ vp = vn ဖြစ်လို့ vn လည်း zero volt ဖြစ်ပါတယ်။ ဒါကို virtual ground လို့ခေါ်ပါတယ်။ဒါဆိုရင် ဒီ input ကနေ volt ထည့်လို့ရပါမလား ? မရပါဘူး ။ ထည့်ရင် short circuit ဖြစ်လိမ့်မယ်။ ဒါပေမဲ့ short circuit ဆိုတာ current source တေရွဲ့ အကြိုက်ပါ။ အဲ့ဒီ input မှာ current ထည့်ပေးရင် loading effect လုံးဝမရှိတဲ့ အတကွ် source ကပေးတဲ့ current ကို circuit က အကုန်ရပါတယ်။ဒီ current ဟာ op-amp ထဲကို မဝင်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ golden rule အရ ip = in = 0 ဖြစ်လို့ပါ။ ဒါဆို source ကနေ ဝင်လာတဲ့ current ဟာ feedback resistor R ပုံ (၄)ကိုဖြတ်ပြီး output သို့ စီးပါတယ်။ resistor ဟာ input current ကို volt ဖြစ်အောင်ပြောင်းလဲပေးပါတယ်။ ဒါကြောင့် ဒီ circuit ကို v to i converter circuit လို့ခေါ်ပါတယ်။
ပုံ (၄) - Photodiode Amplifier
V to I converter circuit ကို အသုံးချတဲ့ circuit အများအပြားရှိပါတယ်။ photo-diode amplifier ပုံ(၄) , wave form generator , 4 to 20 mA converter , current transformer amplifier ... စသည်တို့ဖြစ်ပါတယ်။
ပုံ(၄) မှာ photo diode amplifier တခုကိုဖေါ်ပြထားပါတယ်။ photo diode ကို voltage source , current source နဲ့ photo conductor အနနေဲ့ သုံးနိုင်ရာ current source အနနေဲ့ သုံးရင် noise နည်းပြီး linear ဖြစ်တာကြောင့် instrumentation circuit များမှာ အသုံးများပါတယ်။ ဒီ circuit မှာ photo diode ကို current source အဖြစ် ယူဆပါတယ်။output voltage မှာ
Vo = - is R

ဖြစ်ပါတယ်။
vn ကနေ voltသငွ်းချင်တယ်ဆိုရင် တိုက်ရိုက်သငွ်းလို့မရပါ။ input volt ကို resistor တခုခံပြီး current ဖြစ်အောင် ပြောင်းရပါတယ်။ အဲ့ဒီ resistor Rs ဟာ Vs ကို Is = Vs/ Rs ပြောင်းလိုက်တဲ့အတကွ် output voltage မှာ
Vo = - Vs x Rf/Rs
ဖြစ်လာပါတယ်။ ဒါကို inverting amplifier ပုံ (၅) လို့ လူသိများပါတယ်။
ပုံ (၅) - Inverting Amplifier


High Impedance Input

input ကို vp မှ သငွ်းမယ်ဆိုရင်တော့ vn input ကို open လုပ်ထားရပါမယ်။ ip = 0 ဖြစ်တာကြောင့် input volt ဘယ်လောက်ပေးပေး current မစီးပါ။ ဒါကြောင့် input ကို volt အဖြစ်ပေးနိုင်ပါတယ်။ ဒီကနေ input သငွ်းတဲ့ voltage follower နဲ့ non- inverting amplifier ပုံ (၆) များဟာ input resistance အလန်ွကြီးပါတယ်။
Non-inverting Amplifier ရဲ့ output voltage ကတော့
Vo = Vp x (1 + R2/R1)
 ဖြစ်ပြီး gain ကတော့
A = 1 + R2/R1
 ဖြစ်ပါတယ်။
Inverting Amplifier ရဲ့ input resistance ဟာ Rs ဘဲရှိပြီးတော့ Non-Inverting Amplifier များရဲ့
Resistance ဟာ MΩ မှ GΩ range အတွင်းရှိနိုင်တာမို့ High Impedance Source များနဲ့တဲသွုံးရန် သင့်လျော်ပါတယ်။


ပုံ (၆ ) - Noninverting Amplifier



No comments:

Post a Comment