Sunday, March 10, 2019

Operational Amplifiers - Part 8

Operational Amplifiers အပိုင်း ( ၈ )
Loadig Effect ( သို့မဟုတ် ) Source နဲ့ Load တို့ရဲ့ တိုက်ပွဲ
Electronic circuit တေကွို Design လုပ်တဲ့ အခါမှာ load နဲ့ source တွေရဲ့ ဆက်ဆံပုံကို သိထားဘို့ အလန်ွအရေးကြီးပါတယ်
။ amplifier များ design လုပ်ရာမှာ ၊ digital circuitများ interface လုပ်ရာမှာ၊ အိမ်မှာမီးဖငွ့်တာ ၊ phone charging သငွ်းတာကအစ load နဲ့ source တို့ကို ချိတ်ဆက်ပေးတာပါ။ Operational amplifier , transistor amplifier တအွေကြောင်း သသေချောချာ နားလည်ဘို့ ဆိုရင် loading effect အကြောင်း သိထားရပါမယ်။
source ဆိုတာ ပေးသူပါ။ load ဆိုတာ ယူသူပါ။ source နဲ့ load ဆက်တယ်ဆိုတာ ပေးသူနဲ့ ယူသူကိုပေးတွေ့တာပါ။ electronic circuit တေမွှာ load ကို source နဲ့ဆက်ရခြင်း အကြောင်းက
၁။ source ဆီမှ voltage ယူချင်လို့ပါ။
၂။ source ဆီမှ current လိုချင်လို့ပါ။
၃။ source ဆီမှ power လိုချင်လို့ပါ။
Image may contain: text
ပုံ (၁) - Source and Load
signal တို့ frequency တို့ဆိုတာ electrical volt နဲ့ current တေပွါဘဲ။ ကိုယ်လိုချင်တဲ့ signal ပုံစံပေါ်လိုက်ပြီး circuit တေကွို ကိုက်ညီအောင် design လုပ်ပေးရပါတယ်။ တကယ်တော့ volt ရယ် current ရယ် power ရယ်ဟာ အတူတွဲပြီးရှိနေတတ်တာမို့ခွဲခြားရခက်ပါတယ်။ source က signal ကို voltage နဲ့ ထုတ်ပေးရင် load က voltage ကိုယူနိုင်ရင် အကောင်းဆုံးပါ။ voltage နဲ့ပေးတာကို current နဲ့ ယူလိုတော့ရပါတယ် ကိုယ်က v ကို i ပြောင်း ပေးရပါမယ်။ ဥပမာ dynamic microphone တေရွဲ့ output ကို voltage source အနေနဲ့ မှတ်ယူပြီး photo diode တေရွဲ့ output တေကွိုတော့ current အဖြစ် ယူနိင်ပါတယ်။Antenna တေကွိုတော့ power source အဖြစ် သတ်မှတ်ပြီး design လုပ်နိင်ပါတယ်။ op-amp တေဟွာsignal တေကွို volt အနေနဲ့ရော current အနနေဲ့ပါ လက်ခံနိုင်ပါတယ်။

https://scontent.fsin8-1.fna.fbcdn.net/v/t1.0-9/47579850_2251276168218803_2851276488274083840_n.jpg?_nc_cat=102&_nc_ht=scontent.fsin8-1.fna&oh=0a2d24b39852f23a5d9a0523025d4394&oe=5D17CA7C
ပုံ (၂) - Voltage Amplifier
Voltageလိုချင်ရင် ...
Source တိုင်းမှာ internal resistance ပုံ(၂) ရှိပါတယ်။ internal resistance ကို voltage source နဲ့ series ဆက်ပြီးဖေါ်ပြပါတယ်။ dry cell, battery, generator, microphone ... စတဲ့ source တိုင်းမှာရှိပါတယ်။ အဲ့ဒါရှိတဲ့အတွက် load က currentဆဲရွင် load မှာရနိင်တဲ့ volt နည်းလာပါတယ်။ current ဆွဲလေ ရနိုင်တဲ့ volt နည်းလပေါဘဲ။ အဲ့ဒါကို Loading effect လို့ခေါ်တာပါ။
ဒါကြောင့် ကိုယ်က amplifier တခု design လုပ်တဲ့အခါ source ဆီက ရသမျှ voltage အားလုံး ယူနိုင်လေကောင်းလေပါဘဲ။ ဘယ်လို လုပ်ရင် အများဆုံးရမလဲဆိုတာ သိချင်ရင် source နဲ့ Load ရဲ့ voltage divider formula ကိုကြည့်ပါ။

Vl = Vs Rl/(Rs + Rl)

Vl= Vs ဖြစ်ချင်ရင် ၂ နည်းရှိပါတယ်။
၁။ Rs = 0 သို့
၂။ Rl = infinity
တခုခု ဖြစ်ရပါမယ်။ ဆိုလိုတာက source တခုဆီက voltage ကိုအကုန်လိုချင်ရင် source ရဲ့ internal resistance zero ဖြစ်ရပါမယ်။ ဒါမှမဟုတ် Load ရဲ့ Resistance အလန်ွကြီးရပါမယ်။ လက်တေမွှာ မဖြစ်နိုင်ရင် source ရဲ့ resistance နဲ့ load ရဲ့ resistance ကခွခြားချက်ဟာ ၁၀ ဆ အထက် ရှိရပါမယ်။ Amplifier တခုဆိုတာ input မှာ load ဖြစ်ပြီး output မှာ source ဖြစ်တာကြောင့် voltage amplifier ပုံ(၂) တခုဟာ input resistance ကြီးလေ ကောင်းလေဖြစ်ပြီး output resistance ငယ်လေ ကောင်းလေ ဖြစ်ပါတယ်။
https://scontent.fsin8-1.fna.fbcdn.net/v/t1.0-9/47687330_2251276198218800_3484752862712430592_n.jpg?_nc_cat=110&_nc_ht=scontent.fsin8-1.fna&oh=5c23f05087d9a500fe1e1d519cb3acfa&oe=5D14D3FF
ပုံ (၃) - Current Amplifier
Current လိုချင်ရင် ...
တချို့ signal တေဟွာ current အနနေဲ့ လာကြပါတယ်။ အဲ့ဒီအခါ Amplifier တေဟွာ source ကပေးတဲ့ current ကို အားလုံးရအောင် ကြိုးစားရပါတယ်။ current source တိုင်းဟာလည်း internal resistance ရှိပြီး current source နဲ့ parallel model လုပ်ပြီး ဖေါ်ပြပါတယ်။ current source တခုကို load နဲ့ဆက်လိုက်တဲ့အခါ load မှရမဲ့ current ဝေစုကို အောက်ပါပုံသေနည်းနဲ့ ဖေါ်ပြနိုင်ပါတယ်။

IL = Is Rs/(Rs + Rl)

ဒီပုံသေနည်းက load မှ ရမဲ့ current ဟာ source ကပေးတာထက် လျော့ပြီးရမယ်ဆိုတာ ဖေါ်ပြပါတယ်။ဒါကို loading effect လို့ခေါ်ါပါတယ်။
load က source ရဲ့ current ကို အကုန်ရချင်ရင်
၁။ Rs = ∞ သို့
၂။ Rl = 0
အနည်းဆုံးတခုဖြစ်ရပါမယ်။ ဆိုလိုတာက load က source ရဲ့ current ကို အကုန်လိုချင်ရင် Source ရဲ့ resistance infinity ဖြစ်ချင်ဖြစ် ဒါမှမဟုတ် load resistance zero ဖြစ်ရမယ်။ လက်တေ့မွှာ မဖြစ်နိုင်ရင် Load resistance ဟာ Source Resistance ထက် အနည်းဆုံး ၁၀ ဆ ကျော် လျော့နည်းရပါမယ်။
loading effect ဟာ Amplifier တေရွဲ့ gain ကို source နဲ load အမျိုးအစားပေါ်လိုက်ပြီး အမျိုးမျိုးပြောင်းစေတာမို့ မရှိလေ ကောင်းလေပါဘဲ။

https://scontent.fsin8-1.fna.fbcdn.net/v/t1.0-9/48266649_2251276224885464_4187453681781702656_n.jpg?_nc_cat=109&_nc_ht=scontent.fsin8-1.fna&oh=404b68b1ed00e13ff22673f850c84f67&oe=5D0DEF1F
ပုံ (၄) - Basic Amplifiers and their ideal terminal resistances

Load အမျိုးမျိုး ၊ source အမျိုးမျိုးနဲ့ အလုပ်လုပ်နိုင်ဘို့ဆိုရင် Amplifier ၄ မျိးလိုပါတယ်။ ပုံ (၄)
၁ ။ Voltage Amplifier - Volt input , Volt output
၂ ။ Trans-conductance Amplifier - Volt input , Current output
၃ ။ Trans-resistance Amplifier - Current input , Volt output
၎ ။ Current Amplifier - Current input , Current output

Operational Amplifier အများစုဟာ Voltage Amplifier များဖြစ်ကြပါတယ်။ BJT transistor များကတော့ Current Amplifier များဖြစ်ပြီး FET transistor များဟာ Trans-conductance Amplifier တေဖြွစ်ပါတယ်။သို့သော်လည်း အခြားပြင်ပမှ component များနဲ့တွဲဖက်ပြီး Amplifier type တခုမှ အခြားတခုသို့ ပြောင်းနိုင်ပါတယ်။
ဘယ် type ဘဲဖြစ်ဖြစ် input က volt ဖြစ်ရင် Amplifier ရဲ့ input resistance များရမယ် current ဖြစ်ရင် input resistance နဲလေ ကောင်းလေ။ zero ဖြစ်ရင် အကောင်းဆုံး။ Amplifier ဟာ output signal ကို volt အနနေဲ့ထုတ်ရင် Amplifier ရဲ့ output resistance နဲလေ ကောင်းလေဘဲ။Signal ကို Current အနေနဲ့ထုတ်မယ်ဆိုရင် Amplifier ရဲ့ output resistance ကြီးလေကောင်းလေပါ။
Operational Amplifier များဟာ Negative Feedback နဲ့တြွဲပီး အသုံးပြုမယ်ဆိုရင် အလန်ွတိကျတဲ့ gain ကိုရနိုင်တဲ့အပြင် Loading Effect ကိုပါ မရှိသလောက်လျှော့ချနိုင်တဲ့အတကွ် analog signal processing အတကွ် အလန်ွအရေးပါကြောင်းပါ။

No comments:

Post a Comment