Thursday, March 14, 2019

Operational Amplifiers - Part 10

Operational Amplifier အပိုင်း (၁၀)

The Summing Amplifier

ပုံ (၁) - Summing Amplifier
Summing amplifier ပုံ (၁) ဆိုတာ voltage များကို ပေါင်းပေးတဲ့ op-amp circuit တခုပါ။ summing amplifier ကို Audio mixer, D to A converter , Output offsetting amplifier ... စသည်ဖြင့် နေရာများမှာ အသုံးပြုနိုင်ပါတယ်။
Voltage source တေကွိုပေါင်းချင်ရင် series ဆက်ပေါင်းရပြီး current source တွေကိုပေါင်းချင်ရင် parallel ဆက်ပြီးပေါင်းရပါတယ်။ Voltage source တေကွို parallel ဆက်ချင်ရင် volt တူမှဆက်နိုင်သော်လည်း စုစုပေါင်း volt တိုးမလာဘဲ ပေးနိုင်တဲ့ current သာ တိုးလာတာပါ။
ဥပမာ Dynamic Microphone ၂ ခုကိုမှ အထကွ် volt တေကွို ပေါင်းချင်ရင် Mic ၂ ခုကို series ဆက်ရပါမယ်။ လက်တေ့မွှာ အဲဒီလိုလုပ်ရင် Mic တခုဟာ circuit ground မှလတ်ွတဲ့အတကွ်
အပြင်မှ noise တေအွလယ်ွတကူ ဝင်နိင်ပါတယ်။ ဒါကြောင့် voltage source ၂ ခုကို ground မလတ်ွစေဘဲ ပေါင်းချင်ရင် current source အဖြစ်ပြောင်းပြီးမှ ပေါင်းနိုင်ပါတယ်။ ပုံ ၂ ။ Voltage source ကို current source ပြောင်းချင်ရင် resistor တခု series ဆက်ပေးပြီး ပေါင်းနိုင်တယ်။ ရလာတဲ့ current ကို volt ပြန်ရချင်ရင် resistor တခုထဲ ပြန်ဖြတ်ပြီး i ကို v ဖြစ်အောင် ပြောင်းနိင်ပါတယ်။ resistor တခုဟာ အလယ်ွဆုံး V to I , I to V converter တေပွါဘဲ။ လက်တေ့မွှာ Microphone တေရွဲ့ internal resistance တေ ကြောင့် တိုက်ရိုက် ပူးဆက်နိုင်ပါတယ်။ ပြီးရင် Amplifier ထဲထည့်လိုက်ရင် amplifier ရဲ့ input resistance က volt ဖြစ်အောင် ပြောင်းလိုက်တာကြောင့် voltage source ၂ ခုကို parallel ပေါင်းရင် ရတယ်လို့ ထင်ရပါတယ်။
No photo description available.
ပုံ (၂) - Source Transformation
Voltage source ကို resistor တခုနဲ series ဆက်လိုက်ရင် current source လိုသုံးနိင်ပေမဲ့ load နဲ့ ဆက်လိုက်ရင် load volt ပြောင်းတဲ့အခါ current လိုက်ပြောင်းပါတယ်။ ဒါကြောင် Mic ၂ ခုကို တိုက်ရိုက် parallel ဆက်သုံးရင် Mic တခုရဲ့ resistance နဲ့ volt ပြောင်းရင် အခြား Mic ရဲ့ output ကို ပြောင်းစေတာကြောင့် distortion ဖြစ်စေပါတယ်။ တနည်းအားဖြင့် တခုနဲ့တခု interaction ရှိနေပါတယ်။
၁။ current source ၂ ခုပေါင်းချင်ရင် parallel ပေါင်းရမယ်။
၂။ loading effect မဖြစ်စေချင်ရင် source resistance အလန်ွကြီးရမယ် ဒါမှမဟုတ် load resistance zero ဖြစ်ရပါမယ်။
Voltage source မှ Current source ပြောင်းထားတဲ့ circuit တေမွှာ source resistance ဟာ အများအားဖြင့် သိပ်မများတဲ့ အတကွ် load အဖြစ် zero ohm resistor သုံးတာအကောင်းဆုံးပါ။ ဒါပေမဲ့ တကယ့် zero ohm resistor သုံးရင် power အားလုံး ဆုံးရှုံးလိုက်ရလို့ output မရနိုင်ပါ။ ဒီနေရာမှာ အသင့်တော်ဆုံး က virtual short ကိုသုံးတဲ့နည်းပါ။
op-amp တခုရဲ့ inverting input ကို output မှ resistance ဆက်ပေးလိုက်ရင် input ၂ ခုကြား 0 V အမြဲဖြစ်နေတာကြောင့် short circuit လိုဖြစ်နေပါတယ်။ တကယ့် short အစစ်ဆိုရင် node ၂ ခုကြား current စီးပေမဲ့ virtual short မှာ current ဖြတ်မစီးပါ။ ဒါကြောင့် short အတု - virtual short လို့ခေါ်တာပါ။
Non inverting input ကို ground ဆက်ပေးလိုက်ရင် inverting input ဟာလည်း အလိုလို ground ဖြစ်လာပါတယ်။ ဒါကို virtual ground လို့ခေါ်ပါတယ်။ အဲဒီ virtual ground သို့ ground အတုဟာ V source မှ I source ပြောင်းထားတဲ current source အတုတေကွိုပေါင်းရန် အကောင်းဆုံးပါ။
ပုံ (၃) - op-amp ရဲ့ virtual ground မှာ current တွေပေါင်းထားပုံ
Current source အတုတေကွို ground အတုမှာပေါင်းပြီး ပုံ(၃)  ရလာတဲ့ current ကို feedback resistor Rf ကနေ volt ဖြစ်အောင် ပြောင်းလိုက်တဲ့အခါ summing amplifier တခုဖြစ်လာပါတယ်။ ပုံ (၄)
ပုံ (၄) - Summing Amplifier (after current source transformation)
If = I1 + I2
I1= V1/R1
I2= V2/R2
Vo= - If Rf
Vo= - V1 Rf/R1 - V2 Rf/R2
Vo= - ( V1 Rf/R1 + V2 Rf/ R2 )

ဒီနေရာမှာ negative sign က output volt ဟာ polarity ပြောင်းပြန်ထက်ွကြောင်းပြပါတယ်။ polarity ကို အတည့်ဖြစ်စေချင်ရင်တော့ gain 1 ရှိတဲ့ inverting amplifier သုံးပြီး တည့်ပေးနိုင်ပါတယ်။ ရလာတဲ့ Vo ကို scaled sum လိုခေါ်ပါတယ်။ အဝင် volt တေကွို အချိုးချပြီး ပေါင်းထားလို့ပါ။ တိုက်ရိုက်ပေါင်းချင်ရင် R1=R2=Rf ထားပေးရင် Vo ဟာ true sum ရပါတယ်။
Vo = - ( V1 + V2 )
Input Voltage source ကြိုက်သလောက် သုံးနိုင်ပါတယ်။ ဒါပေမဲ့ op - amp ရဲ့ output volt ဟာ သူုရဲ့ supply volt ကို တော့ မကျော်လန်ွနိုင်ပါ။ op-amp supply volt ဟာ ∓12 V ရှိရင် +12 V ထက် ကျော်မထက်ွနိုင်ပါ။ -12 Volt အောက်လည်း မထက်ွနိုင်ပါ။ တကယ့် အများဆုံး Limit ကတော့ op-amp အမျိုးအစားနဲ့ဆိုင်ပါတယ်။Data sheet မှာ ကြည့်ပါ။

No photo description available.
ပုံ (၅) - summing amplifier တခုရဲ့ အလုပ်လုပ်ပုံကို block diagram ဖြင့် ဖေါ်ပြခြင်း။

No comments:

Post a Comment