Saturday, November 17, 2018

Voltage Regulators - 2

Voltage Regulators

Zener voltage regulator ဟာ shunt voltage regulator တမျိုးဖြစ်ပါတယ်။ zener voltage regulator တွေဟာ လုပ်ရလွယ်ပြီး ဈေးသက်သာတာကြောင့် အသုံးများပါတယ်။ shunt voltage regulator တွေရဲ့ ကောင်းတဲ့အချက်တခုကတော့ load current ပြောင်းလဲမှု့ကို source ကမသိအောင် ဖျောက်ပေးထားနိုင်တာပါ။ load current ပြောင်းလဲမှုဟာ source current ကို မပြောင်းစေနိုင်တာကြောင့် noise နဲစေပါတယ်။ shunt regulator ရဲ့ အားနဲချက်ကတော့ current နဲနဲသာ သုံးနိုင်တာပါဘဲ။ Load current များမယ် ဒါမှမဟုတ် input voltage ပြောင်းလဲမှုများမယ်ဆိုရင် zener diode ရဲ့ power dissipation လိုအပ်ချက်များလာပြီး ဝယ်ရလဲ ခက်လာပါတယ်။ ဒါကိုကျော်လွှားနိုင်တဲနည်း ၂ ခုရှိပါတယ်။
၁။ Zener ရဲ ခံနိုင်တဲ့ current ကို BJT သို့ MOSFET သုံးပြီး မြှင်တင်တဲ့နည်းပါ။ ဒါကို Super zener circuit လို့လဲခေါ်ပါတယ်။ ပုံ(၁)
Image may contain: text
ပုံ(၁)

zener ကို transistor ရဲ့ base နဲ့ collector ကြားမှာ series ဆက်သုံးခြင်းဖြင့် zener ရဲ့ ခံနိုငမဲ့ Izmax ကို transistor ရဲ့ current gain နဲ့ တိုးအောင်လုပ်ပေးနိုင်ပါတယ်။ ဒီ Super zener ရဲ့ Izmax ဟာ zener တခုထဲရဲ Izmax ထက် β+1 အဆကြီးပါတယ်။ β ဆိုတာ bjt ရဲ့ current gain ပါ။ Vz= Vz + Vbe ရပါမယ်။
Vbe ဟာ transistor အမျိုးအစားနဲ့ base current ပေါ်လိုက်ပြီး 0.6 မှ 0.9 အထိရှိနိုင်ပါတယ်။ power ပိုလိုချင်ရင် darlinton pair သုံးနိုင်ပါတယ်။ Izmax ဟာ ≈ β² ဖြစ်သွားပါမယ်။ Vz ≈ Vz + 2 Vbe လောက်ဖြစ်သွားပါမယ်။ Vbe တိုးသွားတာကို zener volt လျှော့ပြီး ပြင်နိုင်ပေမဲ့ Vbe ဟာ အပူချိန်ပေါ် လိုက်ပြောင်းတာမို့ voltage regulation ကို ကျဆင်းစေပါတယ်။

Shunt Voltage Regulator Design Example

Design လိုအပ်ချက်တွေက
Vo = 5 V
ILmax = 500 mA
ILmin = 10 mA
Vimax = 15 V
Vimin = 10 V
Vo = 5 V
Zener မပျက်စေရန်
Rs = ( Vimax-Vz)/(0.9 Izmax + ILmin)
Zener Dry မဖြစ်စေရန်
Rs = ( Vimax-Vz)/(0.1Izmax + ILmax)
မှာ အစားထိုးတွက်ကြည့်ရင် ( Vo = Vz )
Izmax = 1.4143 Amp ရပါမယ်။
Rs = 7.7951 Ohm ရတဲ့အတွက် အနီးစပ်ဆုံး E24 series ထဲမှ 7.5 Ohm သုံးပါမယ်။
Resistor ရဲ့ ခံနိုင်ရမဲ့ Power ကို တွက်ကြည့်ရင်
P = (Vinmax - Vz)2 / Rs = 13.3 W ဖြစ်တဲ့ အတွက် 15 W Resistor သုံးရပါမယ်။
လိုအပ်တဲ့ Zener ရဲ့ power dissipation ကိုတွက်ကြည့်ရင်
Pd = Vz Izmax = 7.015 Watts ရပါမယ်။
No automatic alt text available.
ပုံ (၂) Zener Power Dissipation အများဆုံး အခြေအနေ
No automatic alt text available.
ပုံ (၃)Zener Dry ဖြစ်မည့် အခြေအနေ


No comments:

Post a Comment