Friday, December 7, 2018

ကမ္ဘာကိုလှုပ်ခတ်သွားစေခဲ့သော Microchip(25)မျိုး - Microchip Technology PIC 16C84 Microcontroller (1993)


Microchip Technology PIC 16C84 Microcontroller (1993)

1990ခုနှစ် အစောပိုင်းကာလဟာ 8-bit microcontroller လောကကြီးတစ်ခုလုံးကို Motorola ဆိုတဲ့ အရင်းရှင်ကြီးက လက်ဝါးကြီးအုပ်ထားချိန်ပါ။ထို့နောက်အလွန်သေးငယ်သော ရုန်းကန်လျက်ရှိသည့် ရိုးရှင်းလွန်းသောအမည်နှင့် Microchip Technology ကုမ္ပဏီသည် ၎င်းတို့၏ PIC 16C84 ပုံ(၁) ကိုဈေးကွက်ပေါ်သို့တင်သွင်းခဲ့သည်။ထူးခြားချက်မှာ chip တွင်ပါဝင်သော ROM အမျိုးအစားမှာ ယခင်microcontrollerများတွင်ပါဝင်သော EPROM (Erasable Programmable Read-Only Memory)ကဲ့သို့UV အလင်းရောင်ကိုအသုံးပြုရန်မလိုအပ်ဘဲ ROM အတွင်းရှိprogramများကို လျှပ်စစ်ကိုသာအသုံးပြုကာဖျက်ပစ်နိုင်သော EEPROM (Electrically Erasable Programmable Read-Only Memory) ကိုသုံးထားခြင်းဖြစ်သည်။ဒီ ROM ကြောင့် အသုံးပြုသူများသည် မိမိတို့၏ program များကို ICမှ runနေစဉ်အတွင်းပင် အပြောင်းအလဲလုပ်နိုင်သွားသည်။ ပိုကောင်းသွားတာက chip ရဲ့ဈေးနှုန်းဟာ US$5 အောက်သာရှိနေခြင်း (သို့) ပြိုင်ဘက် microcontroller တွေဈေးနှုန်းရဲ့ ၄ ပုံ ၁ ပုံ သာရှိနေခဲ့ခြင်းဘဲဖြစ်ပါတယ်။
PIC16C84 ကို smart card တွေ၊ remote control တွေ နဲ့ wireless ကားသော့တွေထဲမှာထည့်သွင်းအသုံးပြုခဲ့ကြတယ်။ဒီအချိန်ဟာ microcontroller များ Electronic ကုမ္ပဏီကြီးများ နှင့် Electronic ဝါသနာရှင်များအကြား electronic superstar အနေနှင့် စတင်ကျော်ကြားအောင်မြင်လာချိန်ဘဲဖြစ်ပါတယ်။
ဒါကြောင့်လည်း ဒီchipရဲ့ရောင်းအားဟာ အရေအတွက်သန်းပေါင်းခြောက်ထောင်နီးပါးရှိခဲ့ပြီး industrial controllerများ၊ မောင်းသူမဲ့လေကြောင်းယာဉ်များ၊ digitalကျန်းမာရေးတိုင်းတာစက်များ၊ chip အသုံးပြုမီးရှုးမီးပန်းများ၊ LEDသုံးအလှမီးဆိုင်းဘုတ်များ စသဖြင့် နေရာတကာနီးပါးမှာ ထည့်သွင်းအသုံးပြုခဲ့ရတဲ့အထိလည်းအောင်မြင်မှုပန်းဆွတ်ခူးနိုင်တဲ့ chip တစ်မျိုးလည်းဖြစ်ပါတယ်။

No automatic alt text available.
ပုံ (၁)

ကမ္ဘာကိုလှုပ်ခတ်သွားစေခဲ့သော Microchip(25)မျိုး - Texas Instruments TMS32010 Digital Signal Processor (1983)

Texas Instruments TMS32010 Digital Signal Processor (1983)

တကယ်တော့ TMS32010 IC ပုံ(၁) ဟာ ပထမဆုံးသော DSP IC မဟုတ်ပါဘူး (ပထမဆုံးသော DSP IC ကတော့ 1980 က Western Electric က ထုတ်လုပ်ခဲ့တဲ့ DSP-1 ပါ)။ဒါပေမယ့် speed အမြန်ဆုံးတော့ ဖြစ်ခဲ့ပါတယ်။ Multiply Instruction တစ်ခုကို 200nanosecond အတွင်းပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ထိုခေတ်Engineer တွေမျက်လုံးပြူးခဲ့ရတဲ့အချိန်ပေါ့။
No automatic alt text available.
ပုံ (၁) - TMS32010 Chip

ဒါ့အပြင် ဒီchip ဟာ on-chip ROM နှင့် သူနဲ့အပြင်ကနေချိတ်ဆက်ထားတဲ့ off-chip RAM နှစ်မျိုးစလုံးကနေ Instruction တွေကို လက်ခံလုပ်ဆောင်နိုင်ခဲ့ပါတယ်။တခြား ပြိုင်ဘက်ICတွေမှာတော့ ROMထဲမှာသာကြိုတင်သိမ်းဆည်းထားတဲ့ Instruction၊ function တွေကိုသာလက်ခံလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီIC ကိုဖန်တီးခဲ့တဲ့ design team ရဲ့ member တစ်ယောက်ဖြစ်ခဲ့တဲ့ Wanda Gass ကတော့ “ဒီ feature ဟာ microcontroller နဲ့ microprocessor တွေလိုဘဲ program ကိုရေးရ၊ အသုံးပြုရ အဆင်ပြေစေရန်အထောက်အကူပေးခဲ့ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။
chip တလုံးရဲ့တန်ဖိုးကတော့ US$500 ဆိုပေမယ့် နှစ်စဉ်ရောင်းအားကတော့ အရေအတွက်ပျှမ်းမျှ 1000 လောက်တော့ရှိခဲ့တယ်။
ဒါပေမယ့် နောက်ပိုင်း DSP ရဲ့အခန်းကဏ္ဍဟာ ဆက်သွယ်ရေး၊ medical device တွေနဲ့ စစ်တပ်ပိုင်းဆိုင်ရာထောက်လှမ်းရေးနဲ့ လက်နက်ပိုင်းဆိုင်ရာနည်းပညာ စသဖြင့် အဓိကနယ်ပယ်အသီးသီးတိုင်းမှာ မဖြစ်မနေပါဝင်နေတာကြောင့် DSP IC တွေရဲ့​ရောင်းနှုန်းတွေဟာလည်း တဟုန်ထိုးထိုးတက်ခဲ့ပါတယ်။ ပုံ(၂)
တကယ်တော့ TMS32010 DSP IC ဟာဆိုရင် Texas Instrument company ရဲ့ အနာဂတ်ကိုဆုံးဖြတ်ပေးခဲ့တဲ့ ပထမဆုံး DSP Family IC တစ်မျိုးဘဲဖြစ်ပါတယ်။

No automatic alt text available.
ပုံ (၂)

ကမ္ဘာကိုလှုပ်ခတ်သွားစေခဲ့သော Microchip(25)မျိုး - MOS Technology 6502 Microprocessor (1975)

MOS Technology 6502 Microprocessor (1975)

အဲ့ဒီ့ ဖက်တီးဘုတ် ကွန်ပျူတာငနဲကြီးလည်း ဒီICကို သူ့ကွန်ပျူတာမှာထဲ့သုံးပြီး Boot လည်းတင်လိုက်ရော တကမ္ဘာလုံးလည်းခြေတလှမ်းရှေ့ရောက်သွားလေရော။ အဲဒိငနဲကတော့ ဘယ်သူမှမဟုတ်ပါဘူး အားလုံးသိကြတဲ့ Steve Job ရဲ့ ဘော်ဒါကြီး electronic guru ကြီး“Steve Wozniak” ပါဘဲ ပုံ (၁) ။ ဒီ IC  ပုံ (၂) ကိုသုံးခဲ့တဲ့ကွန်ပျူတာကတော့ Apple I ပုံ(၃) ပါဘဲ။ဒီ 6502 IC ဟာ MOS Technology ကတီထွင်ခဲ့တဲ့ 8-bit Microprocessor ဖြစ်ခဲ့ပြီး တကယ့် ဒိတ်ဒိတ်ကြဲ ကွန်ပျူတာကြီးတွေ ဖြစ်ခဲ့တဲ့ Apple II, Commodore PET နဲ့ BBC Micro တို့ အပြင် Nitendo နဲ့ Atari ဂိမ်းစက်တို့ရဲ့ CPU အနေနဲ့လုပ်ဆောင်ပေးခဲ့တဲ့ IC ကြီးပါ။
Image result for steve wozniak
ပုံ (၁) - Steve Wozniak
No automatic alt text available.
ပုံ (၂) 

No automatic alt text available.
ပုံ (၃) 
ဒီ chip ကိုဖန်တီးခဲ့တဲ့ Designer တွေထဲက တယောက်ဖြစ်ခဲ့တဲ့ Chuck Peddle ပုံ(၄) က 6502 IC ကြီးကို 1975 တုန်းက ကုန်စည်ပြပွဲကြီးမှာ သူတို့စတင်မိတ်ဆက်တုန်းက သူ့အတွေ့အကြုံကို ဒီလိုပြောသွားပါတယ်။ “အဲဒိ အချိန်မှာ ကျွန်တော်တို့ဆီမှာ ဖန်ပုလင်း ၂လုံးအပြည့် chip တွေဖြည့်ထားပြီး ကျွန်တော်မအားလပ်လွန်းလို့ကျွန်တော့်ရဲ့ ဇနီးဖြစ်သူက ဘေးမှာထိုင်ပြီး ဒီchipတွေကို ရောင်းပေးနေရခဲ့တာပါ။”

Image result for chuck peddle
ပုံ (၃) - Chuck Peddle
ဒီလောက်ထိ ရောင်းအားကောင်းအောင်မြင်ခဲ့တဲ့ အကြောင်းရင်းကတော့ 6502 IC ကြီးဟာ သူ့ရဲ့ပြိုင်ဘက် chip တွေထက်လုပ်ဆောင်နှုန်းမြန်ဆန်ရုံတင်မကဘဲ Intel ရဲ့ 8080 နဲ့ Motorola ရဲ့ 6800 IC တွေရဲ့ဈေးနှုန်းဟာ US$200 လောက်ဖြစ်နေတဲ့အချိန်မှာ US$25 နဲ့ဘဲရောင်းချခဲ့တဲ့သူရဲ့ ဈေးနှုန်းဟာလည်းပြိုင်ဘက်တွေကိုကျော်လွှားနိုင်ခဲ့တဲ့ တခြားအကြောင်းရင်းလည်းဖြစ်ခဲ့ပါတယ်။
Chuck Peddle နဲ့အတူတွဲလုပ်ဆောင်ခဲ့တဲ့ Bill Mensh ပုံ (၄) ကတော့ “6502 IC ရဲ့အဓိကအောင်မြင်မှုသော့ချက်ကတော့ instruction set အနဲဆုံးနဲ့ တခြား chip 1လုံးထုတ်လုပ်ချိန်မှာ ဒီchip ကို 10လုံးနီးပါးထိထုတ်လုပ်နိုင်ခဲ့တဲ့ fabrication process ကြောင့်ဘဲဖြစ်ပါတယ်။” လို့ပြောခဲ့ပါတယ်။ 6502 IC တစ်မျိုးတည်းကြောင့် processorအားလုံးရဲ့ဈေးနှုန်းတွေ မဖြစ်မနေလျှော့ချခဲ့ရပါတယ်။ ဒါကြောင့်လည်း Personal Computer ဈေးကွက်ကြီးတခုလုံးဖြစ်ပေါ်လာတာပါ။ ယနေ့တိုင်လည်း 6502 IC ကို Embedded System တွေမှာအသုံးပြုလျက်ရှိနေပါတယ်။ 1999 တုန်းကထွက်ပေါ်ခဲ့တဲ့ “Futurama” စက်ရုပ်ကာတွန်းရုပ်ရှင်မှာလည်း ဒီIC ကို Bender စက်ရုပ်ရဲ့ အဓိက electronic brain နေရာမှာ အသုံးပြုပြသထားပါတယ်။ ပုံ(၅)
Personal Computer ခေတ်တစ်ခုဆီကို လမ်းကြောင်းပေးခေါ်ဆောင်ပေးနိုင်ခဲ့တယ့် 6502 IC ဟာလည်း တကယ်ကို ဒီအမှတ်စဉ်တွေမှာ ပါသင့်တယ်လို့ယူဆပါတယ်။
Image result for Bill Mensch
ပုံ (၄) - Bill Mensh
No automatic alt text available.
ပုံ (၅)

ကမ္ဘာကိုလှုပ်ခတ်သွားစေခဲ့သော Microchip(25)မျိုး - Texas Instruments TMC0281 Speech Synthersizer (1978)

Texas Instruments TMC0281 Speech Synthersizer (1978)

Texas Instruments ရဲ့ ကမ္ဘာ့ပထမဆုံးသော single chip speech synthesizer IC TMC0281 သာမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ ငယ်ငယ်တုန်းကကြည့်ပြီး အလွန်ကိုအားကျခဲ့တဲ့ E.T ဂြိုလ်သားကြီးဟာ ဘယ်တော့မှသူ့ရဲ့အိမ်ကိုပြန်နိုင်ခဲ့မှာမဟုတ်ပါဘူး။ 
ကမ္ဘာကျော်ဒါရိုက်တာကြီး Steven Speilberg ရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်တဲ့ Extra Terrestrial (E.T) ထဲမှာ E.T ဂြိုလ်သားလေးဟာ TMC0281 IC ကိုအသုံးပြုထားတဲ့ communicator ကိုသူ့ရဲ့ ဌာနေဂြိုလ်ကိုဆက်သွယ်ဖို့အသုံးပြုခဲ့ရပါတယ်။(ရုပ်ရှင်အတွက်ဆိုတော့ အပိုအနေနဲ့ အင်္ကျီချိတ်၊ ကော်ဖီခွက်၊ လွှတွေကိုပါသုံးပြရတာပေါ့) ပုံ (၁)
No automatic alt text available.
ပုံ (၁) 

TMC0281 IC ဟာ linear predictive coding နည်းပညာကိုသုံးပြီး အသံကိုထုတ်ပေးတာပါ။ “Integrated Circuit မှာဘယ်လိုမှမဖြစ်နိုင်တဲ့အရာကို ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့တာပါ။” လို့ E.T ထဲကCommunicator စကားပြောစက်ရုပ်ကိုတီထွင်ခဲ့သူ Engineer လေးဦးထဲက တစ်ဦးဖြစ်ခဲ့တဲ့ Gene A.Frantz ကပြောခဲ့ပါတယ်။
TMC0281 IC ကို အသုံးပြုပြီးအခြားသောအသံထွက်စက် များစွာမှာထည့်သွင်းအသုံးပြုခဲ့ပါသေးတယ်။
ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားခဲ့တာကို ဖြစ်စေခဲ့တဲ့ TMC0281 ICရဲ့လုပ်ဆောင်ချက်ကတော့ အံ့မခန်းလို့ဘဲဆိုရမှာပါ။


ကမ္ဘာကိုလှုပ်ခတ်သွားစေခဲ့သော Microchip(25)မျိုး - Signetics NE555 Timer (1971)

Signetics NE555 Timer (1971)

Chip Designer Hans Camenzind(1934-2012)(ပုံ ၁) ဟာ 1970 နွေရာသီမှာ၊ California ပြည်နယ်၊ Sunnyvale မြို့တွင်းက သူ့ရဲ့ဂျောင်ကျကျရုံးခန်းငယ်လေးထဲမှာထိုင်ပြီး အကြံအိုက်လျက်ရှိနေခဲ့ပါတယ်။ Camenzind ဟာ ပြည်တွင်း Semiconductor ကုမ္ပဏီငယ်လေးတခု(Sigmentics)မှာ အကြံပေးအရာရှိတဦးအနေနဲ့ထမ်းဆောင်နေချိန်ပါ။ ကုမ္ပဏီရဲ့ စီးပွားရေးအခြေအနေဟာလည်း တနေ့တခြားထိုးဆင်းနေခဲ့တဲ့အတွက် ဝင်ငွေအနည်းငယ်သာရရှိနေခဲ့တဲ့ သားသမီး(၄)ယေက်ရဲ့ဖခင်တဦးအနေနဲ့အကျပ်အတည်းကာလတခုပါ။ ဒါကိုဖြေရှင်းဖို့အတွက် ကုမ္ပဏီကိုနလံထူလာစေနှိင်တဲ့ Product တခုကိုတီထွင်ဖို့လိုအပ်နေပြီလို့သူယူဆခဲ့ပါတယ်။
တကယ်လည်း သူတီထွင်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး Chip တွေထဲကတခုဆိုလည်းမမှားလောက်ပါဘူး။
အဲဒါကတော့ 555 Timer IC ပါ။
Image may contain: 1 person
ပုံ (၁) - Hans Camenzind
တကယ်တော့ 555 IC ဟာ သာမန် timer (သို့) oscillator ကဲ့သို့သာ အလုပ်လုပ်နိုင်တဲ့ ICတမျိုးပါ။ ဒါပေမယ့်သူ့ရဲ့ ပြောက်မြောက်တဲ့ Design ကြောင့် analog semiconductor တွေထဲမှာအရောင်းရဆုံးဖြစ်ခဲ့ပြီး မီးဖိုချောင်ပစ္စည်းမှအစ ကလေးကစားစရာအရုပ်အလယ် နောက်ဆုံး အာကာသလွန်းပျံယဉ်ထဲအထိကိုထည့်သုံးခဲ့ရတဲ့ IC မျိုးပါ။
တီထွင်သူ Hans Camenzind ရဲ့ပြောပြချက်အရတော့ 555 (timer)IC ကို phase locked loop system ကိုလေ့လာစမ်းသပ်နေရင်းနဲ့ Idea ရခဲ့တာလို့ပြောခဲ့ပါတယ်။ ဒီ Idea ကိုထပ်ဆောင်းဖြည့်စွက်ပြီးမှ trigger ပေးလိုက်ရုံနဲ့သတ်မှတ်ချိန်ထိအလိုအလျောက်ဆက်လက်လုပ်ဆောင်နိုင်တဲ့ timer IC တမျိုးကိုရရှိခဲ့တာပါ။
တကယ်တော့ယခုအချိန်အနေနဲ့ အလွန်ရိုးရှင်းတယ်လို့ထင်ရပေမယ့် ထိုခေတ်အခါကတော့ဒီလိုမျိုးမရှိခဲ့ပါဘူး။
ပထမအကြိမ်မှာ Hans Camenzind ဟာသူ့ရဲ့ idea ကိုပြောပြတော့ ကုမ္ပဏီရှိ Engineering Department ကငြင်းပယ်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Signetics ကဒိအရင်ကတည်းက ဈေးကွက်ထဲမှာ timer အနေနဲ့ပြောင်းလဲအသုံးပြုနိုင်မဲ့ component တွေကိုရောင်းချခဲ့ပြီးနေလို့ပါ။ ဒါပေမယ့် Camenzind ကတော့ ဒီအယူကိုလက်မခံခဲ့ပါဘူး။ဒါနဲ့ ကုမ္ပဏီရဲ့ marketing manager ဆီမှာထပ်မံသွားရောက်ပြသခဲ့ပါတယ်။သူကတော့ အတော်ကို သဘောကျသွားခဲ့တယ်။ဒါနဲ့ Camenzind ကို ဒီ Idea ကိုဆက်လက်အကောင်အထည်ဖော်ဖို့ အားပေးခဲ့ပါတယ်။
တကယ်တော့ Camenzind ဟာဒီICကိုရရှိဖို့အတွက် ကို တနှစ်နီးပါးအချိန်ပေး များစွာအပင်ပန်းခံပြီးပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး transistor 23လုံး၊ resistor 16လုံး နဲ့ diode 2လုံးတို့ပါဝင်တဲ့final designပြုလုပ်နိုင်ခဲ့ပါတယ်။
1971 မှာ 555ကိုဈေးကွက်မှာစတင်ချိန်မှာတော့ ကုမ္ပဏီထင်ထားတာနဲ့လုံးဝလွဲလောက်အောင် အောင်မြင်ပြီး လူအများစိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ Sigmentics ကုမ္ပဏီကို 1975တုန်းက Philips Semiconductors (ယခု NXP) ကဝယ်ယူခဲ့ပြီး သူတို့ဝယ်ယူခဲ့ချိန်အထိ ၎င်းICတွေဟာ အရေအတွက်သန်းပေါင်းထောင်ချီရောင်းခဲ့ရပြီး ယခုထိလည်းဆက်လက်ရောင်းချနေရတုန်းပါ။
ဒါပေမယ့် Hans Camenzind ဟာ ဒီအောင်မြင်မှုနဲ့တင်ကျေနပ်မနေဘဲ သူ့ရဲ့နောက်ဆုံးအချိန်ထိကို အခြားသော Chips များကို ဆက်လက်တီထွင်သွားခဲ့ပါတယ်။
ယနေ့အထိ Engineer တွေဟာ 555ကိုအသုံးပြုပြီး အသုံးဝင်လှသော electronic module များကိုဆက်လက်ထုတ်လုပ်နေတဲ့အတွက်ကြောင့် 555 time IC ကြီးဟာ ကမ္ဘာကြီးကိုအမှန်တကယ်လှုပ်ခတ်ပြောင်းလဲစေခဲ့တဲ့ ICအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဆက်လက်ဖော်ပြပေးသွားပါမည်။

ကမ္ဘာကိုလှုပ်ခတ်သွားစေခဲ့သော Microchip(25)မျိုး

ကမ္ဘာကိုလှုပ်ခတ်သွားစေခဲ့သော Microchip(25)မျိုး

Microchip Design မှာလည်း (ကျွန်တော်တို့ရဲ့ဘဝလိုမျိုး) သေးငယ်သောအကြောင်းအရာလေးတွေကနေ ကြီးမားတဲ့အောင်မြင်မှုဆီကို ခေါ်ဆောင်သွားတတ်ပါတယ်။တိကျသေချာတဲ့ Circuit Design ကိုထွင်ပြီး၊ Silicon ပြားပေါ်အုတ်မြစ်ချတည်ဆောက်ပြီး၊ ဈေးကွက်ပေါ်အရောက်သွင်းလိုက်နိုင်တဲ့အခါ တခါတရံ Designက နည်းပညာလောကကြီးတခုလုံးကို တော်လှန်ပြောင်းလဲသွားနိုင်စေပါတယ်။ (Intel ရဲ့ 8088 microprocessor ၊ Mostek ရဲ့ MK4096 4kbit DRAM နဲ့ Texas Instruments(TI) ရဲ့ TMS32010 Digital Signal Processor တို့ပေါ်ထွက်တုန်းကဖြစ်သလိုမျိုးပေါ့)
Integrated Circuit တွေစတင်ပေါ်ပေါက်လာတဲ့ (လွန်ခဲ့တဲ့ရာစုနှစ်ဝက်အတွင်း) Chips အမျိုးအစားမြောက်မြားစွာထဲကမှတချို့တလေကသာဒီလိုအပြောင်းအလဲမျိုးကိုဖြစ်စေနိုင်တာပါ။ ဒီလိုဖြစ်စေတာကတော့ သူတို့ရဲ့ အဆုံးစွန်သောနည်းပညာ၊ ချက်ခြင်းအသုံးချ(အသုံးကျ)နိုင်ခဲ့ခြင်း၊ သူတို့ခေတ်အခြေအနေအရရှေ့ရောက်နေခဲ့ခြင်း၊ စတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်တို့နည်းပညာကို ဆက်လက်ပုံဖော်နိုင်အောင်အထောက်အကူပြုပေးနေတာကြောင့်ပါ။ (ထပ်ဆောင်းပြောရရင်တော့ကျွန်တော်တို့ လက်ရှိတည်ရှိနေတဲ့ ဒီကမ္ဘာကြီးအပေါ်ငြီးငွေ့မသွားနိုင်တဲ့နည်းပညာတွေကိုပေးသွားခဲ့လို့ဘဲဖြစ်ပါတယ်။)
ဒါ့အတွက်ကျွန်တော်တို့ နည်းပညာသမိုင်းတွင် IC (၂၅)မျိုးကိုဒီနေရာမှာစာရင်းပြုစုပေးထားပါတယ်။ ဒီအထဲကတချို့ICတွေဟာ သူတို့ခေတ်အခါတုန်းက Chipလောကရဲ့အရှင်သခင်လိုနေရာမျိုးတွေကို ရယူခဲ့တယ်(ဥပမာ Signetics ရဲ့ 555timerလိုမျိုး)။ တချို့ICတွေ(ဥပမာ FairChild ရဲ့ 741OpAmpမျိုး)ဆိုရင် ပြဋ္ဌာန်းစာအုပ်တွေမှာထည့်သွင်းဖော်ပြလောက်ရတဲ့အထိကို ကောင်းမွန်တဲ့စံပြနမူနာ Design ကြီးတွေဖြစ်ခဲ့တယ်။အခြားတချို.ICမျိုး (ဥပမာ Microchip ရဲ့ PIC microcontroller များဟာ)ဆိုရင်လည်း အရေအတွက်သန်းပေါင်းထောင်ချီပြီး (လက်ရှိတိုင်အောင်) ဈေးကွက်မှာရောင်းသွက်နေတဲ့အထိ အောင်မြင်နေပါတယ်။ (Toshiba ရဲ့ Flash memoryလို)တချို့ICမျိုးတွေဆိုရင် ဈေးကွက်အသစ်တခုလုံးကိုဖန်တီးနိုင်ခဲ့ပါတယ်။အနဲဆုံးတော့ ဒီICကြီးတွေဟာ နည်းပညားဂျိုးကြီးတွေရဲ့ လေ့လာစရာ စံနမူနာတော့ဖြစ်ခဲ့တာတွေပါ။
အချုပ်အားဖြင့်ဆိုရရင်တော့ ဒီICတွေရဲ့တူညီတဲ့အချက်ကတော့ Engineerတွေအားလုံးလက်မလွှတ်နိုင်တဲ့အကြောင်းရင်းတွေထဲမှာ တစိတ်တပိုင်းအနေနဲ့ပါဝင်နေလို့ပါဘဲ။
အဲ့ဒိ IC တွေကတော့ 
-Signetics NE555 Timer (1971)
- Texas Instruments TMC0281 Speech Synthesizer (1978)
- MOS Technology 6502 Microprocessor (1975)
- Texas Instruments TMS32010 Digital Signal Processor (1983)
- Microchip Technology PIC 16C84 Microcontroller (1993)
- Fairchild Semiconductor uA741 Op-Amp (1968)
- Intersil ICL8038 Waveform Generator (1983)
- Western Digital WD1402 UART (1971)
- Acorn Computers ARM1 Processor (1985)
- Kodak KAF-1300 Image Sensor (1986)
- IBM Deep Blue 2 Chess Chip (1997)
- Transmeta Corp. Crusoe Processor (2000)
- Texas Instruments Digital Micromirror Device (1987)
- Intel 8088 Microprocessor (1979)
- Micronas Semiconductor MAS3507 MP3 Decoder (1997)
- Mostek MK4096 4-Kilobit DRAM (1973)
- Xilinx XC2064 FPGA (1985)
- Zilog Z80 Microprocessor (1976)
- Sun Microsystems SPARC Processor (1987)
- Tripath Technology TA2020 AudioAmplifier (1998)
- Amati Communications Overture ADSL Chip Set (1994)
- Motorola MC68000 Microprocessor (1979)
- Chips & Technologies AT Chip Set (1985)
- Computer Cowboys Sh-Boom Processor (1988)
- Toshiba NAND Flash Memory (1989)

IC တမျိုးခြင်းတွေရဲ့အကြောင်းအရာတွေကိုတော့ နောက်နေ့တွေမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

Saturday, November 17, 2018

Operational Amplifiers - Part 7

Operational Amplifier အပိုင်း ( ၇ )

Basic Op-Amp Circuits

Op-amp circuit များကိုနားလည်ဘို့အတွက် Virtual short နဲ့ virtual ground တို့ကို နားလည်ထားဘို့လိုပါတယ်။


Virtual Short

Node ၂ ခုကြား current ဘယ်လောက်စီးစီး volt မရှိရင် short circuit လို့ သတ်မှတ်ပြီး voltဘယ်လောက်ပေးပေး current မစီးရင် open circuit လို့ သတ်မှတ်နိုင်ပါတယ်။
linear op-amp circuit တွေမှာ inverting နဲ့ non-inverting terminal ၂ခုကြားမှာ zero volt ဖြစ်နေပြီး current လည်း မစီးတဲ့အခါကြတော့ virtual short လို့ခေါ်ပါတယ် ပုံ(၁) ။virtual short ကို V-I characteristic curve မှာ ကြည့်ရင် origin မှာ ရှိတဲ့ point တခု အဖြစ်သာမြင်ရပါမယ်။ ဆိုလိုတာက volt ရော current ရော zero ဖြစ်ပါတယ်။ virtual short သဘောတရားဟာ op-amp circuit တော်တော်များများကို နားလည်ဘို့ အထောက်အကူ ဖြစ်စေပါတယ်။
virtual ground ကိုတော့ inverting amplifier circuit မှာ တွေ့ပါမယ်။
https://scontent.fsin8-1.fna.fbcdn.net/v/t1.0-9/43626265_2164298173583270_4665903400649490432_n.jpg?_nc_cat=111&_nc_ht=scontent.fsin8-1.fna&oh=a3e3260a5bc5ce2c8d6bc077ac15a48e&oe=5D215929
ပုံ (၁) - Virtual Short

Voltage Follower Circuit

https://scontent.fsin8-1.fna.fbcdn.net/v/t1.0-9/43565373_2164298366916584_3957307184915677184_n.jpg?_nc_cat=111&_nc_ht=scontent.fsin8-1.fna&oh=74b7f5ff0bfc105ca59a27dd9bdcc771&oe=5D0F3186
ပုံ(၂) - Voltage Follower Circuit




Op-amp circuit တွေထဲမှာ နားလည်ဘို့ အလွယ်ဆုံးကတော့ voltage follower circuit ဖြစ်ပါတယ်။ ပုံ(၂) မှာ input voltage ကို non-inverting terminal နဲ့ဆက်ထားပြီး inverting ကိုတော့ output ကနေ feedback ပြန်ပေးထားပါတယ်။ ideal op-amp မှာ inverting နဲ့ non-inverting terminal ၂ ခုကြားမှာ current မစီးပါဘူး။ op-amp ရဲ့ gain ကလည်း infinite ဖြစ်တဲ့အတွက် terminal ၂ ခုအကြား voltage ကို op-amp ရဲ့ basic characteristic equation နဲ့ ပြန်တွက်ကြည့်ရင်
Vo = A ( Vp - Vn ) 


A = ∞

∴ Vp - Vn = 0

ဖြစ်ပါတယ်။ ဒါကြောင့် input terminal ၂ ခုအကြားမှာ virtual short ဖြစ်နေတဲ့ အတွက်
Vs = Vp = Vn = Vo
(သို့) 
Vo = Vs
Amplifier တခုရဲ့ input ကို
Vo = G Vs ( G = closed loop gain )
လို့ ဖေါ်ပြနိုင်ရင် Gain တန်ဘိုး ဟာ 1 ဖြစ်ပါတယ်။ ဒါကြောင့် voltage follower circuit ဆိုတာ unity gain ရှိတဲ့ circuit သို့ output ဟာ input အတိုင်း ပြန်ထွက်တဲ့ amplifier တခုဖြစ်ပါတယ်။


Voltage Follower ကို ဘယ်မှာသုံးမလဲ ?

ရုတ်တရက်ကြည့်ရင် gain 1 ရှိတဲ့ amplifier တခုဟာ ဘာအသုံးဝင်မှာလည်းလို့ ထင်စရာရှိပါတယ်။ Amplifier တခုရဲ့ အလုပ်ဟာ voltage တခုထည်း ချဲ့တာမဟုတ်ပါဘူး။ power ကိုချဲ့တာပါ။ voltage follower ဟာ Voltage gain 1 သာရှိပေမဲ့ input current ဟာ zero ဖြစ်တဲ့အတွက် power gain အလွန်ကြီးပါတယ်။ ဒါကြောင့် အလွန် power အားနဲတဲ့ signal များကို power ကြီးလာအောင် လုပ်ပေးနိုင်ပါတယ်။ဒီ သဘောတရားကို digital buffer gate တွေမှာလည်း တွေ့နိုင်ပါတယ်။ buffer ဆိုတာ အဝင်နဲ့ အထွက် logic level တူပေမဲ့ gate များစွာကို မောင်းနိင်တဲ့ စွမ်းအားရှိတဲ့ gate တမျိုးပါ။ voltage follower နဲ့ သဘောတရား တူပါတယ်။


အသုံချ circuit အချို့

Single to Dual Rail Converter

https://scontent.fsin8-2.fna.fbcdn.net/v/t1.0-9/43447161_2164298336916587_2418638591392481280_n.jpg?_nc_cat=103&_nc_ht=scontent.fsin8-2.fna&oh=8320343c49acdbba818b83f5778c5736&oe=5D0D86BD
ပုံ (၃) - Single Rail မှ Dual Rail ပြောင်းပေးသော circuit
op-amp circuit အများစုဟာ V+ ,GND, V- dual voltage ပေးရပါတယ်။ အလွယ်တကူရနိုင်တဲ့ power supply တွေက V+ နဲ့ GND ပါဝင်တဲ့ single rail supply တွေဖြစ်ပါတယ်။ Single Rail ကို Dual Rail ဖြစ်အောင် voltage follower သုံးပြီး ပြုလုပ်နိုင်ပါတယ် ပုံ(၃) ။ တကယ်လို့ power များများလိုချင်ရင် BJT transistor များနဲ့ တွဲသုံးနိုင်တယ် ပုံ(၄)
https://scontent.fsin8-1.fna.fbcdn.net/v/t1.0-9/43766857_2164298390249915_1266228355397582848_n.jpg?_nc_cat=110&_nc_ht=scontent.fsin8-1.fna&oh=f2ea2d118e08843d3ba98326866b2a4b&oe=5D190BFA
ပုံ (၄) - Power Boost လုပ်နည်း

Voltage Follower နဲ့ Loading Effect

Voltage Source တိုင်းမှာ internal resistance ရှိပါတယ်။ ဒါကြောင့် voltage source တခုကို load တခုနဲ့ဆက်လိုက်ရင် volt ကျသွားပါတယ်။ Load Resistance နဲလေ Volt ကျလေ၊ Source ရဲ့ internal resistance များလေ volt ကျလေပါဘဲ။ တချို့ signal source များဟာ internal resistance အလွန်ကြီးပါတယ်။ အဲဒီလို source များမှာ signal ကို မလျော့ကျစေဘဲ voltage follower က ဆွဲထုတ်နိုင်စွမ်း ရှိပါတယ်။ ဥပမာ digital volt meter များ မှာ သုံးထားတာ တွေ့နိုင်ပါတယ်။ ပုံ(၅)

Image may contain: text
ပုံ (၅)

Operational Amplifiers - Part 6

Operational Amplifiers အပိုင်း ( ၆ )

Op-Amp Characteristics

op-amp တခုရဲ့အတွင်းမှာ ရှိတဲ့ circuit တွေဟာ ရှုပ်ထွေးလှပေမဲ့ တကယ်တွကချကကြတဲ့အခါ ပိုလွယ်ကူတဲ့ equivalent circuit model ကို သုံးကြပါတယ်။modelလုပ်ပြီး သုံခြင်းဖြင့် op-amp အများကြီးပါတဲ့ circuit တွေတောင်မှ နာလည်ရ၊ design လုပ်ရ လွယ်ကူစေပါတယ်။
ပုံ (၁) - Operational Amplifier Package

အမည်သတ်မှတ်ပုံ


https://scontent.fsin8-1.fna.fbcdn.net/v/t1.0-9/42649463_2148594381820316_6226875922549571584_n.jpg?_nc_cat=109&_nc_ht=scontent.fsin8-1.fna&oh=e57a996126c098bc328aa37fffa57adc&oe=5CDC5B1D
ပုံ (၂) - Pin Diagram




Op-amp များကို integrated circuit များဖြင့်ထုတ်လုပ်ကြပြီး package အမျိုးတွင် ထည့်သွင်း ရောင်းချကြသည်။ ပုံ(၁) တွင်ပြထားသော IC package မှာ pin 8 ခုပါသော DIP( Dual-in-line Package ) အမျိုးအစားဖြစ်ပြီး pin diagram ကို ပုံ (၂)မှာ ပြထားပါတယ်။ op-amp ကို တြိဂံပုံဖြင့် ဖေါ်ပြပြီး pin 8 ခုပါသော်လည်း အပြင်မှဆက်ပေးရန်လိုတဲ့ pin ကတော့ ၅ ခုဘဲဖြစ်ပါတယ်။


Pin 2 inverting သို့ negative input voltage , vn
Pin 3 non inverting သို့ positive input voltage , vp
Pin 4 negative(-) power supply terminal , Vee
Pin 7 positive(+) power supply terminal , Vcc
Pin 6 output voltage , vo
https://scontent.fsin8-2.fna.fbcdn.net/v/t1.0-9/42804568_2148594418486979_1927523632444080128_n.jpg?_nc_cat=104&_nc_ht=scontent.fsin8-2.fna&oh=ba66e66a3d9719d0581b3aeddbc7cdbd&oe=5D24CB3B
ပုံ (၃) - Op-Amp တခုရဲ့ volt နဲ့ current များသတ်မှတ်ပုံ
op-amp မှာ input terminal ၂ ခု ( vp and vn ) ပါရှိပြီး output terminal တစ်ခု vo ပါဝင်ပါတယ်။ input current ၂ ခုကို ip နဲ့ in လို့ သတ်မှတ်ဖေါ်ပြပြီး output current ကိုတော့ io , supply current ၂ ခုကိုလည်း icc နဲ့ iee လို့ဖေါ်ပြနိုင်တယ်။ ပုံ(၃) မှာ ကြည့်ပါ။ op-amp circuit တွေဖေါ်ပြတဲ့အခါ ထူးခြားမှုမရှိလျှင် Vcc နဲ့ Vee တွေကို ထည့်မဆွဲတော့ပါ။ ပုံမှာ မပါပေမဲ့လည်း တကယ်သုံးတဲ့အခါ power pin များကို ဆက်ပေးရပါမယ်။
power pin များပါထည့်တွက်ပြီး op-amp ကို KCL ရေးရင်
io= ip + in + icc - iee
လို့ ရေးနိုင်ပေမဲ့ power pin များကို ထည့်မဆွဲတဲ့အခါ KCL ကို
io= ip + in
လို့ရေးရင် မမှန်ပါဘူး။ ပုံ(၄)

ပုံ(၄)- supply pin များဖြုတ်ထားပုံ



Transfer Characteristics

op-amp တခုရဲ့ input နဲ့ output ဆက်စပ်ပုံကို
vo =A( vp - vn )
လို့ ဖေါ်ပြပါတယ်။ A ကို op-amp ရဲ့ open loop gain လို့ ခေါ်ပါ

တယ်။ open loop gain ဆိုတာ op-amp ရဲ့ output မှ input ကို ဘာမှဆက်မထားရင် ရမဲ့ gain ဖြစ်ပါတယ်။ op-amp တခုရဲ့ output ဟာ Vcc နဲ့ Vee ကြားသာ ထွက်နိုင်တဲ့အတွက် ဒီ equation ကို vo ဟာ Vcc ထက် ငယ်ပြီး Vee ထက်ကြီးတဲ့ အချိန်မှာသာ သုံးနိင်ပါတယ်။အဲဒီ နေရာကို linear region လိုခေါ်ပြီး အဲ့ဒီ အပြင်ဘက်ကိုတော့ saturation region လို့ခေါ်ပါတယ်။ op-amp တခု မှာ Positive Saturation Region နဲ့ Negative Saturation ဆိုပြီး ၂ ခုရှိပါတယ်။ပုံ(၅)
ပုံ(၅) - Op-Amp တခုရဲ့ characteristics

Equivalent-Circuit Model

op-amp တခုဟာ linear region ထဲမှာ အလုပ်လုပ်နေတဲ့အခါ သူ့ရဲ့ အလုပ်လုပ်ပုံကို ပုံ(၆) မှာဖေါ်ပြထားတဲ့ model နဲ့ ပုံစံပြု ဖေါ် ပြနိုင်ပါတယ်။ equivalent circuit မှာ voltage controlled voltage source တခုပါဝင်ပြီး သူ့ရဲ gain ဟာ A ရှိပါတယ်။ input resistance Ri နဲ့ output resistance Ro တို့ပါဝင်ပါတယ်။ ideal op-amp တခုဆိုရင် 
A = ∞
Ro = 0
Ri = ∞ 
ip = in = 0 A
ရှိရပါမယ်။ တကယ် လက်တွေ့မှာတော့ မဖြစ်နိုင်ပါဘူး ။ ဥပမာ uA741 op-ampမှာဆိုရင်
A= 200000
Ro= 25 Ω
Ri = 2 MΩ
ip = in = 80 nA
သာရှိပါတယ်။ ideal op amp characteristics တွေကို သုံးခြင်းဖြင့် op-amp circuit တွေရဲ့ အလုပ်လုပ်ပုံကို နားလည်ရလွယ်စေပါတယ်။
ပုံ (၆)- op-amp ရဲ့ Equvalent Circuit Model

Controlled Source

Voltage source တခု ဟာ သူထွက်ချင်တဲ့ volt ထွက်နိုင်ရင် independent source လို့ခေါ်ပြီး တခြားတနေရာရာပေါ်မှုတည်ပြီးထွက်ရတယ်ဆိုရင် dependent source သို့ controlled source လို့ခေါ်ပါတယ်။ ဥပမာ Battery တခုဟာ independent source ဖြစ်ပြီး transformer တခုဟာ dependent source ဖြစ်ပါတယ်။ Transformer ရဲ့ secondary volt ဟာ ထွက်ချင်သလို ထွက်လို့မရဘဲ primary ပေါ်မှီခိုနေရလို့ဖြစ်ပါတယ်။ Transformer ရဲ့ output ၂ ခုဆက်စပ်ပုံကို ဖေါ်ပြရရင်
Vs = Vp Ns/Np
လို့ ရေးနိင်ပါတယ်။ Amplifier တွေကို model လုပ်ရင် controlled source နဲ့ဖေါ်ပြပါတယ်။ Amplifier တခုဖြစ်ဘို့ရာမှာ controlled source ဖြစ်ရုံနဲ့မရပါဘူး power gain ၁ ထက်ကြီးရမှာပါ။ ဆိုလိုတာက output power ဟာ input ထက် ကြီးဘို့လိုပါတယ်။ Step up transformer တလုံးဟာ controlled source ဖြစ်ပြီး voltage gain ရှိနိုင်ပေမဲ့ output power ဟာ input ထက်မကြီးနိင်တဲ့အတွက် amplifier မဖြစ်ပါ။

Controlled source ၄ မျိုးရှိပါတယ်။
၁။ voltage controlled voltage source - VCVC
၂။ voltage controlled current source - VCCS
၃။ current controlled voltage source - CCVS
၄။ current controlled current source - CCCS
တို့ဖြစ်ပါတယ်ပုံ(၇)။BJT transistor ကို အများအားဖြင့် CCCS နဲ့ဖေါ်ပြပြီး FET တွေကတော့ VCCS ဖြစ်ပါတယ်။ OP-AMP တွေကတော့ VCVS ထဲပါဝင်ပါတယ်။ controlled source များမှာ input port နဲ့ output port မှာပါဝင်ပြီး input မှာ load ဖြစ်တဲ့အတွက် resistance သို့ impedance နဲ့ဖေါ်ပြပြီး output မှာ dependent source တခုခုနဲ့ internal resistance သို့ impedance နဲ့ ဖေါ်ပြပါတယ်။

Operation circuit များနဲ့ op-amp အမျိုးအစား များ အကြောင်းဆက်လက်ဖေါ်ပြပါမည်။
ပုံ (၇) - Controlled Source များ

Operational Amplifiers - Part 5

Operational Amplifier အပိုင်း ( ၅ )

uA741 ( 1968 )

Black ထွက်သွားပြီးတဲ့နောက် Fairchild မှာ Dave Fullagar က နောက်ထွက်မဲ့ op amp ကို design ဆက်လုပ်ဖို့ တာဝန် ဆက်ယူရပါတယ်။ ၁၉၆၈ မှာ uA741 ပုံ(၁) ဆိုပြီး ထွက်လာတယ်၊ op amp တွေထဲမှာ အကျော်ကြားဆုံး ဖြစ်လာခဲ့တယ်။ Ua741 ဟာ Widlar ရဲ့ LM301 နဲ့ အခြေခံ အားဖြင့်တော့ အတော်လေး တူပါတယ်။
https://www.theengineeringprojects.com/wp-content/uploads/2017/07/UA741_Pinout.png
ပုံ(၁) - uA741

 input stage ဟာ 741 လိုဘဲ NPN differential emitter follower amplifier ကို PNP common-base amplifier နဲ့ တွဲထားတဲ့ ပုံကလဲ အတူတူပါဘဲ။ output current limiting လုပ်ထားပုံကလည်း ခပ်ဆင်ဆင်ပါ။

Input Stage

Q1 နဲ့ Q2 NPN Transistor တွေကို input မှာ differential အဖြစ် high input impedance ရအောင် သုံးထားပြီး Q3 Q4 PNP စုံတွဲနဲ့ Miller effect ကို လျှော့ပေးပါတယ်။ Input stage ရဲ့ Load ကို Resistor မသုံးဘဲ Active Load (Q5,Q6,Q7) ကို သုံးထားတဲ့အတွက် resistor ohm များများမသုံးဘဲ gain များများ ရစေတယ်။ input stage ကို current mirror များနဲ့ bias လုပ်ထားပါတယ်။ master current source ကို Q11,Q12 နဲ့ R5 တို့ သုံးပြီး ~700uA လောက်ရအောင် လုပ်ထားတယ်။ အဲ့ဒီ reference current ကို Q10 နဲ့ R4 တို့ကို widlar current source သုံးပြီး 20uA ရအောင် လျှော့ယူတယ်၊ ထွက်လာတဲ့ current ကို wilson current mirror (Q9,Q8 ) သုံးပြီး input PNP transistor ၂လုံးကို bias ပေးထားပါတယ်။ current source တွေသုံးပြီး bias လုပ်ထားတဲ့အတွက် op amp ကို supply volt range အများကြီး ပေးနိုင်ပါတယ်။

Voltage Amplifier Stage

NPN Transistor Q18 နဲ့ Q17 ကို darlinton အတွဲလုပ်ထားပြီး class A Amplifier အနေနဲ့ သုံးထားတာ တွေ့ရပါမယ်၊ ဒီ မှာလဲ Q12,Q13 current mirror အတွဲကို active load အဖြစ် သုံးထားတာ တွေ့ရပါမယ်။ဒီstage နဲ့ input stage နှစ်ခုကြောင့် 741 ရဲ့ gain ဟာ 200000 လောက်ရပါတယ်။ output stage ရဲ့ gain ကတော့ 1 ဘဲရှိပါတယ်။

Output Stage

ပုံ (၂) -UA741 Schematic Diagram

Schematic ပုံ(၂) မှာ Transistor Q16 နဲ့ Q19 ဟာ output stage ရဲ့dead zone ကိုလျှောချပေးတဲ့ အတွက် crossover distortion ကို လျော့ နဲစေပါတယ်။ uA741 ရဲ့ output stage ဟာ class AB အမျိုးအစားပါ၊ Q23 ဟာ Baker Clamp တမျိုးဖြစ်ပါတယ်။ Transistor တလုံးဟာ saturation mode ထဲဝင်သွားရင် collector ထဲမှာ minority carrier များ store လုပ်ထားတဲ့ အတွက် active mode ထဲ ပြန်ထွက်တဲ့အခါ နှေးသွားစေတယ်။ ။Baker clamp ဟာ Q17 ကို saturation မဖြစ်အောင် ကာကွယ်ပေးတယ်။
ua741 op amp ရဲ့ အဓိကထူးခြားချက်ကတော့ compensation capacitor ကို IC ထဲမှာ ထည့်ထား တာပါ။ LM301 မှာ အပြင်က ဆက်ပေးရတယ်။ Negative feedback amplifier တွေသုံးတဲ့အခါ amplifer stable ဖြစ်အောင် သုံးမယ့် gain ပေါ်လိုက်ပြီး တွက်ထည့်ပေးရမယ်။ ဒါကြောင့် LM301 က designer အကြိုက် ပြင်နိုင်အောင် အပြင်မှာ ထုတ်ပေးထာတာကို ua741 က အတွင်းမှာ ထည့်လိုက်တဲ့ အတွက် သုံးတဲ့သူအတွက် အရမ်းလွယ်သွားတယ်၊ အဲ့ဒီအတွက် bandwidth လျှော့သွားပေမဲ့ application အများစုအတွက်ကတော့ အဆင်ပြေပါတယ်။ 741 designer Fullagar က engieers တွေအလွယ်ကြိုက်တယ်ဆိုတာ သိတယ်နဲ့တူပါတယ်။ 741 ဟာ အလွန် အောင်မြင်ခဲပါတယ်။

Ua741 မှာ LM301,LM301A တို့လိုဘဲ “OFF. ADJ” pin တွေသုံးပြီး offset adjust လုပ်ပေးနိုင်တယ်၊ off adjust ဆိုတာ input zero volt ဖြစ်ချိန်မှာ output zero volt ဖြစ်အောင် ချိန်ပေးတာပါ။

uA741 op amp ဟာ အလွန် ကျော်ကြားပြီး text book များမှာ ကနေ့အထိ သင်ကြားနေရဆဲဖြစ်ပါတယ်။ သူ့ထက်ကောင်းတဲ့ op amp များ ပေါ်ထွက်လာပြီဖြစ်သော်လည်း ယနေ့တိုင် ထုတ်လုပ်နေဆဲ ဝယ်ရနေဆဲ analog ic တခုဖြစ်ပါကြောင်း။
Ua741 opamp.jpg
ပုံ(၃) - uA741 Op-Amp IC

Operational Amplifiers - Part 4

Operational Amplifier အပိုင်း ( ၄ )

Monolithic IC Op Amp

ပထမဆုံး IC op amp uA702 ကို Fairchild Semiconductor က ၁၉၆၃ မှာ ထုတ်လုပ်ခဲ့ပါတယ်။ designer က လူငယ် အင်ဂျင်နီယာ Robert J. (Bob) Widlar ပုံ(၁) ( Wide-lar လို့အသံထွက်ပါ။)
ပုံ(၁) - Robert John Widlar

အဲ့ဒီတုန်းက သူဟာ အသက် ၂၆ လောက်ဘဲရှိပါသေးတယ်။Text Book တွေမှာပါတဲ့ Widlar Current Source နဲ့ Band-gap voltage reference ဆိုတာတွေဟာ သူတီထွင်ခဲ့တာပါ။) uA702 ပုံ(၂) ဟာ တီထွင်ဆန်းသစ်မှုရှိတာမှန်ပေမဲ့ ဈေးကြီးပြီး ($300) အရည်အသွေးလည်း သိပ်မကောင်းတာမို့ စီးပွားရေးအရ သိပ်မအောင်မြင်ခဲ့ပါ။အဲ့ဒီတုန်းက military နဲ့ aerospace လုပ်ငန်းတွေကသာ ဝယ်သုံးနိုင်ခဲ့ပါတယ်။
ပုံ(၂) uA702

uA709

သိပ်မကြာခင် ၁၉၆၅ မှာ Fairchild က ဘဲ uA709 op amp ကို ထပ်ထုတ်ခဲ့ပါတယ်။ uA709 ဟာ uA702 ထက် အများကြီးပိုကောင်းပါတယ်။ gain 45000 နဲ့ output swing +/-10V အထိထုတ်နိုင်ပြီး input current က 200nA ဘဲရှိပါတယ်။ စရောင်းရောင်ခြင်း $70 လောက်ရှိတယ်။နောက်ပိုင်းမှာ $5 အထိ လျှော့ချနိုင်လို့ အလွန် အသုံးများလာပါတယ်။၁၉၆၉ခုနှစ်မှာဆို $2 လောက်ဘဲရှိပါတော့တယ်။

uA709 ရဲ့design ဟာ uA702 ရဲ့ design principles တွေကိုဆက်သုံးထားပါတယ်။ ပထမ stage နဲ့ ဒုတိယ stage ကို current source Q10-Q11 နဲ့ bias လုပ်ထားပါတယ်။ 709 ရဲ့ design မှာ NPN  transistor တွေကို အဓိကထားသုံးထားပြီး PNP ၂ လုံးဘဲပါတယ်။ PNP Q9 ကို level shifter အနေနဲ့ သုံးထားပြီး Q13 ကတော့

NPN Q14 နဲ့တွဲပြီး complementary output အနေနဲ့လုပ်ပါတယ်။ အဲ့ဒီ စုံတွဲကို bias လုပ်မထားတာကြောင့် class B အနေနဲ အလုပ် လုပ်ပါတယ်။ output မှာ crossover distortion နဲအောင် R15 နဲ့ ICတွင်းမှာ feedback ပြန်ပေးထားတာကို 709 ရဲ့ schematic ပုံ(၃) မှာ လေ့လာကြည့်နိုင်ပါတယ်။

gain stage တွေ များများသုံးထားပြီး negative feedback နဲ့သုံးတဲ့အခါ frequency ဲ မြင့်မြင့်မှာ phase shift ကြောင့် oscillation မဖြစ်ရအောင် compensation လုပ်ပေးဘို့လိုပါတယ်။ frequency compensation လုပ်ဘို့ pin 1 နဲ့ 8 မှာ IC အဲပြင်မှ RC network ၂ခု ထည့်ပေးဘို့ လိုပါတယ်။

709 ဟာ 702 ထက် အများကြီးပိုကောင်းလာတယ်ဆိုပေမဲ့လည်း ချို့ယွင်းချက်ကင်းတာတော့  မဟုတ်ပါဘူး။ ဥပမာ output မှာ current limiting resistor ထည့်မထားရင် output short ဖြစ်သွားရင် IC ပျက်သွားပါမယ်။ သုံးတဲ့သူတွေက frequency compensation လုပ်ရတာ မကြိုက်ကြပါဘူးဦးနှောက်စားလို့ပါ။ input volt၂ ခု သိပ်ကွာခြားသွားရင်လည်း ပျက်သွားနိုင်ပါတယ်။


Image result for uA709 Circuit
ပုံ(၃) - uA709 schematic diagram


LM101

၁၉၆၅မှာ November မှာ Widlar ဟာ National Semiconductor သို့ ပြောင်းလုပ်ခဲ့ပါတယ်ပြီး ၁၉၆၇ မှာ LM101 ပုံ(၄) ကို design လုပ်ပါတယ်။ 101 ကို 2nd generation op amp လို့ သတ်မှတ်ပါတယ်။ 709 က first generation ပါ။ LM101 design မှာ 709 ရဲ့ပြဿနာ အများစုကို ဖြေရှင်းထားပါတယ်။


- output မှာ short circuit protection ပါလာတယ်။

- Frequency compensation ကို လုပ်ရလွယ်အောင် ပြင်ထားတယ်။

- Input common mode volt ကြီးရင် Latch မဖြစ်တော့ပါ။

- Differential Input ကြီးရင်လည်း မပျက်တော့ပါ။

- Power ပေးရတာလည်း လွယ်ကူလာပါတယ်။

LM101 ဟာ gain 160000 ရှိပြီး power ကိုလည်း +/- 5V မှ +/-20 V အထိပေးနိုင်လာပါတယ်။ LM101 ရဲ့ frequency compensation ကို လွယ်သွားစေရန် gain stage ကို ၂ ဆင့်ဘဲသုံးထားပါတယ်။ Q1မှ Q8 အထိ ပထမ gain stage ဖြစ်ပါတယ်။ input ကို Q1-Q2 PNP differential pair သုံးထားတာ ထူးခြားပါတယ်။ PNP transistor တွေဟာ current gain နဲပေမဲ့ သူရဲ့အားနဲချက်ကို high gain NPN ၂လုံး နဲ့ buffer လုပ်ထားပေးတဲ့အတွက် input current 20nA သာလိုပါတယ်။PNP သုံးလို့ ရတဲ့အကျိုးကတော့ input volt ကို +Vs မှ -Vs အထိပေးနိင်ခြင်းဖြစ်ပါတယ်။ ဒါဟာ PNP transistor တွေရဲ့ မြင့်မားတဲ့ base-emitter breakdown volt ကြောင့်ပါ။

Q9 က ဒုတိယ gain stage ဖြစ်ပါတယ်။ Q9 ရဲ့ load က Q13 ပါ။ ဒုတိယ stageရဲ့ gain က 60dB လောက်ရပြီး stage ၂ ခုပေါင်း gain 100dB ကျော်ကျော် ရပါတယ်။

Output stage မှာ NPN Q14 နဲ့ equivalent PNP Q16-Q17 ပါဝင်ပါတယ်။ သူတို့ကို Q11 နဲ့ Q12 တိ့ဖြင့် bias လုပ်ထားပါတယ်။ short circuit protection ကိုတော့ Q15, Q16 Q9-Q10 တို့နဲ့လုပ်ထားပါတယ်။

LM101 family မှာ military ,industry နဲ့ commercial temperature range ၃ ခုခွဲပြီး LM101,LM201 နဲ့ LM301 ဆိုပြီး နံပါတ် ခွဲထုတ်ပါတယ်။

Analog circuit မှာ Operational ဟာ အလွန်အသုံးများတဲ့ IC ဖြစ်လို့ သူ့ကို electronic componentအဖြစ် လည်း မှတ်ယူနိင်ပါတယ်။ IC တွေရဲ့ internal circuit diagram များအလုပ်လုပပုံကိုနားလည်ခြင်းဟာ နောင် ဖေါ်ပြမဲ့ op amp application များကို ပိုမိုနားလည်စေနိုင်ပါတယ်။

ဆက်လက်ဖေါ်ပြပါမည်။

Operational Amplifiers - Part 3

Operational Amplifier အပိုင်း ( ၃ )

Transistor ခေတ်

Vaccum tube op-amp များကို ၁၉၅၀ ကျော်မှ ၁၉၆၀ အစောပိုင်းကာလ တွေအထိ သုံးခဲ့ကြတယ်။ Vaccum tube technology ဟာလည်း အတိုးတက်ဆုံးအဆင့် အထိ ရောက်လာခဲ့တယ်။
၁၉၄၇ ခုနှစ်မှာ Bell Labs မှ ပညာရှင်များဖြစ်တဲ့ Jhon Bardeen, Walter Brattain နဲ့ William Shockley တို့ Transistor ကိုတီထွင်ခဲ့ကြပါတယ်။ ပထမ Transfer Resistor လို့ ခေါ်ပြီးမှ နောက်ပိုင်းမှာ ပေါင်းပြီး Transistor လို့ခေါ်တာပါ။ အဲ့ဒီတီထွင်မှုအတွက် ၁၉၅၆ ခုနှစ်မှာ ရူပဗေဒ နိုဘယ်လ်ဆုကို ၃ ယောက်ပေါင်းရခဲ့ပါတယ်။
အဲ့ဒီအချိန်မှစပြီး transistor တွေရဲ့ အရည်အသွေးကို ပိုကောင်းလာအောင် ၁၀ နှစ်ကျော်လောက် လုပ်ကြရပါတယ်။ ၁၉၆၀ ကျော်မှာ transistor များကို ဈေးကွက်တင်နိုင်လာပါတယ်။ အဲ့ဒီ technology သုံးပြီး solid-state op amp တွေထုတ်ဖို့ ကုမ္ပဏီ အသစ်တွေရော၊ အဟောင်းတွေပါ ကြိုးစားလာကြရာမှာ ၁၉၆၀ကျော်မှာ အရင်တုန်းက မီးလုံး op-amp တွေထုတ်တဲ့ GAP/R က ပထမဦးဆုံး solid state op-amp ကို ထုတ်ခဲ့ပါတယ်။ အဲဒီ op-amp ကို အရင်လို +/-300V မပေးရတော့ဘဲ +/- 15Vဘဲ ပေးဘို့ လိုပါတယ်။ အဲဒီ standard ဟာ ယနေ့အထိ သုံးနေပါသေးတယ်။ ပုံ(၁) မှာပြထားတဲ့ GAP/R P65 op-amp ဟာ general purpose op-amp အမျိုးအစားဖြစ်ပြီး ၁၉၆၁ မှ ၁၉၇၁ အထိ ထုတ်လုပ်ခဲ့ပါတယ်။

ပုံ (၁) - GAP/R model P65 solid-state op amp
ရှေ့ဆုံးမှာသုံးထဲတဲ့ Q1,Q2 ဟာ differential pair ပါ။ အဲ့ဒီ၂လုံး အရည်အသွေးတူဘို့ အလွန်အရေးကြီးပါတယ်။ ဒုတိယ stage Q3-Q4 ဟာ ပထမ stage မှ signal ကို current ပိုကောင်းလာအောင် ထပ်ဆင့်ချဲ့ပေးတဲ့ နောက်ထပ် differential amplifier တခုဖြစ်ပြီး gain ပိုကောင်းလာအောင် 47k resistor တလုံးနဲ့ positive feedback ပေးထားတာ တွေ့ရမယ်။ Q5 ဟာ common emitter output stage ဖြစ်ပြီး PNP transistor ကိုသုံးထားတယ်။ သူ့ရဲ့ load ကို resistor မသုံးဘဲ Q6 ကို current source အဖြစ် သုံးထားပါတယ်။ ပြင်ပမှာဆိုရင် resistor က ဈေးပေါပြီး transistor ကဈေးကြီးပေမဲ့ ic တွေမှာ ထဲမှာဆိုရင် ပြောင်းဖြစ်တယ် ။ transistor ကဈေးပေါပြီး resistor က ဈေးပိုကြီးပါတယ်။ resistor တောင်မှ ohm များလေ ဈေးပိုကြီးလေပါ။ တခြားအကြောင်းတခုက ohm များလေ

noise များလေပါဘဲ။ ဥပမာ ကျောင်းစာအုပ်တွေမှာ common emitter amplifier တွေမှာ load ကို Rc resistor တလုံးထည့်ထားပြီး voltage gain Av=-gm Rc ဆိုပြီးတွက်ပါတယ်။ gm က trans conductance ပါ။ ဆိုလိုတာက Rc ကြီးလေ gain များလေပါဘဲ။ IC design တွေမှာတော့ Rc အစား current source သုံးပါတယ်။ ပုံ(၁) မှာ Q6 ကို current source လုပ်ထားပြီး Rc အစား သုံးထားပါတယ်။
GAP/R ကဘဲ နောက်ထပ် P45 ဆိုတဲ့ op amp တမျိုးကိုလည်း ၁၉၆၃ မှာ ထုတ်ခဲ့ပါသေးတယ်။ သူ့ circuit ကို လေ့လာနိုင်ရန် အောက်ပုံ(၂)မှာဖေါ်ပြထားပါတယ်။
ပုံ (၂) - GAP/R model 45 solid-state op amp

 P45 op amp ကို inverting mode application များအတွက်ရည်ရွယ်ပြီး design လုပ်ထားတာဖြစ်ပြီး output မှာ class AB complementary သုံးထားလို့ +- 10V နဲ့ current +-20mA ထုတ်ပေးနိုင်ပါတယ်။ အနဲဆုံး gain 50000 ရပါမယ်။ P45 ရဲ့ အထူးခြားဆုံး အရည်အသွေးကတော့ 100MHz အထိ သုံးလို့ရတာပါဘဲ။ ၁၉၆၆ မှာ P45 ရဲ့ တန်ဘိုးက $118 ဖြစ်ပါတယ်။

အခုပြောခဲ့တဲ့ op amp တွေဟာ IC OP မဟုတ်သေးပါဘူး။ Solid state modular op amp တွေဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေင်း 50,60 လောက်က တီထွင်ခဲ့တဲ့ circuit များ ဟာ ယနေ့ analog circuit များရဲ့ အခြေခံများဖြစ်ပါတယ်။ ဒါတွေကိုလေ့လာပြီး အသိဉာဏ်များတိုးပွားနိင်ပါစေ။

ဆက်လက်ဖေါ်ပြပါမည်။
ပုံ (၃) - GAP/R model PP65 potted module solid-op amp

Operational Amplifiers - Part 2

Operational Amplifier အပိုင်း (၂ )

Op-Amp မွေးဖွားလာခြင်း

ပထမဆုံး Real-Time Computer ဟာ analog-computer ပါ။ ဒီ computer ကိုသုံးပြီး တွက်ချက်မှုတွေ အလွန်လျှင်မြန်စွာလုပ်နိုင်တယ်၊ အခြား system တွေကို input data တွေ ယူပြီး control လုပ်နိုင်တယ်။ သူ့ရဲ့ programming language ကတော့ ဝါယာကြိုး၊ ဂဟေဆော်တဲ့ ဂေါက်နဲ့ circuit တွေပါ။ အဲ့ဒါကြောင့်လည်း နောက်ပိုင်းမှာ analog computer ကို လူကြိုက်နဲသွားပါတယ်။ analog computer ရဲ့ cpu ကတော့ op-amp ပါ။ သူ နဲ့ အခြား components များစွာနဲ့တွဲလိုက်ရင် တွက်ချက်မှု အမျိုးအစား မျာစွာ လုပ်နိုင်ပါတယ်။ အဲ့ဒီခေတ်က op-amp တွေဟာ vaccum tubes တွေနဲ့ လုပ်ရလို့ အရွယ်အစားကြီးပြီး power သုံးစွဲမှုများပေမဲ့ ပေးရတာနဲ့တန်တယ်လို့ လက်ခံပြီး သုံးကြပါတယ်။
ပထမဆုံး Real-Time Computer ဟာ analog-computer ပါ။ ဒီ computer ကိုသုံးပြီး တွက်ချက်မှုတွေ အလွန်လျှင်မြန်စွာလုပ်နိုင်တယ်၊ အခြား system တွေကို input data တွေ ယူပြီး control လုပ်နိုင်တယ်။ သူ့ရဲ့ programming language ကတော့ ဝါယာကြိုး၊ ဂဟေဆော်တဲ့ ဂေါက်နဲ့ circuit တွေပါ။ အဲ့ဒါကြောင့်လည်း နောက်ပိုင်းမှာ analog computer ကို လူကြိုက်နဲသွားပါတယ်။ analog computer ရဲ့ cpu ကတော့ op-amp ပါ။ သူ နဲ့ အခြား components များစွာနဲ့တွဲလိုက်ရင် တွက်ချက်မှု အမျိုးအစား မျာစွာ လုပ်နိုင်ပါတယ်။ အဲ့ဒီခေတ်က op-amp တွေဟာ vaccum tubes တွေနဲ့ လုပ်ရလို့ အရွယ်အစားကြီးပြီး power သုံးစွဲမှုများပေမဲ့ ပေးရတာနဲ့တန်တယ်လို့ လက်ခံပြီး သုံးကြပါတယ်။
Analog computer ကို အဲ့ဒီအချိန်က တက္ကသိုလ်များ၊ company ကြီးများရဲ့ စမ်းသပ်ခန်းများမှာ အသုံးပြုကြတယ်။ အလွန်သေးငယ်တဲ့ signal များကို အတိတကျ ချဲ့ပေးခြင်း၊ signal မှ noise များ ဖယ်ထုတ်ခြင်၊ wave များပုံသွင်းခြင်၊ wave form အမျိုးမျိုး ထုတ်လုပ်ခြင်း ..... စတဲ့ analog signal processing တွေလုပ်တဲ့နေရာမှာ အလွန် အသုံးဝင်တာမို့ နောက်ပိုင်း analog computer တွေကို digital computer တွေနဲ့ အစားထိုးလာပြီး နောက်မှာတောင်မှ op-amp အသုံးဟာ လျှော့မသွားဘဲ ပိုလို့တောင် တွင်ကျယ်လာပါတယ်။

မီးလုံးခေတ်

အဲ့အချိန်က Amplifier ဆိုတာ vaccum tube ခေါ်တဲ့ မီးသီး သို့ မီးလုံးတွေနဲ့တည်ဆောက်ကြပါတယ်။ မီးလုံဆိုတာ အိမ်မှာမီးထွန်းတဲ့ မီးလုံး မဟုတ်ပါ။ signal ကိုချဲ့နိုင်ရန် electrode များပါသော active electronic device ဖြစ်ပါတယ်။ transistor တွေပေါ်လာတဲ့အထိ မီးလုံးတွေနဲ့ဘဲ electronic circuit တွေ တည်ဆောက်ကြရတာပါ။ နောက်ပိုင်းမှာ ပိုမိုသေးငယ်တဲ့ မီးလုံးများ တီထွင်နိုင်လာခြင်း၊ မီးလုံးတခုထဲမှာ မီးလုံး အများအပြား ပေါင်းထည့်လာနိုင်ခြင်းတို့ကြောင့် op-amp အရွယ်အစားဟာ အိမ်ဆောက်ရင်သုံးတဲ့ အုတ်ခဲအရွယ်အထိ သေးငယ်လာပါတယ်။ဒါကြောင့် op-amp ကို bricks ဆိုပြီး နာမည်ပြောင်ဖြင့် ခေါ်ကြပါတယ်။
ပထမဆုံး စီးပွားဖြစ်ထုတ်ရောင်းတဲ့ op-amp ကို ၁၉၅၂ မှာ George A. Philbrick Research ဆိုတဲ့ ကုမ္ပဏီက စရောင်းပါတယ်။Model က K2-W ပါ။ ပုံ(၁) မှာကြည့်ပါ။ အဲ့ဒီ op-amp မှာ မီးလုံ၂လုံး၊ resistor ၁၀ လုံးနဲ့ capacitor ၂ လုံးပါဝင်ပါတယ်။(schematic diagram ကိုကြည့်ပါ) မီးလုံးတလုံးစီမှာ Triode ၂ လုံးပါဝင်ပါတယ်။ triode မီးလုံး အလုပ်လုပ်ပုံ နားမလည်ရင် မီးလုံးနေရာမှာ N Channel Depletion Mode MOSFET ကို အစားသွင်း စဉ်းစားလို့ ရပါတယ်။ Triode မီးလုံးတလုံး ပုံ(၂) မှာ Plate,Grid နဲ့ Cathode လို့ခေါ်တဲ့ electrode ၃ ခုပါဝင်ပါတယ်။ Plate နဲDrain, Grid နဲ့ Gate , Cathode နဲ့ Source အလုပ်လုပ်ပုံတူပါတယ်။

ပုံ (၁) - Vaccuum Tube OpAmp များ
ပုံ (၂) - Triode မီးလုံး
ပုံ (၃) - K2W Schematic Diagram


ပုံ(၃) မှာ +300V နဲ့ ဆက်ထားတာက Plate ဖြစ်ပြီး -300 Vနဲ့ ဆက်ထားတာက Cathode နဲ့ မျဉ်းအစက်တွေနဲ့ပြထားတာက Grid တို့ဖြစ်ပါတယ်။

Schematic မှာကြည့်ရင် ဘယ်ဘက်အစွန်ဆုံးက မီးလုံး ၂ လုံးကို differential pair ပုံစံနဲ့ ဆက်ထားပါတယ်။ အဲ့ဒီ pair ရဲ့ input ၂ ခုကို inverting နဲ့ non-inverting input တွေလို့ခေါ်ပါတယ်။ ယနေ့ခေတ် op-amp တွေ အတိုင်းပါဘဲ။

K2W op-amp ဟာ +/-300 V dual supply နဲ့ အလုပ်လုပ်ပြီး output ဟာ +/-50V သာထွက်နိုင်တဲ့အတွက် ယနေ့standard နဲ့ကြည့်ရင် အတော်နဲပါတယ်။ open loop gain ဟာ 15000 မှ 20000 ကြားလောက်ရှိပါတယ်။ slew rate( output volt ပြောင်းနှုန်း) +/-12V/us ရှိပြီး output မှ 1mA အထိ ထုတ်ပေးနိုင်ပါတယ်။ signal အဝင် အထွက် မရှိချိန်မှာ 3W လောက် Power သုံးပါတယ်။ ဒါတောင် heater အတွက်ပေးရတဲ့ power မပါသေးပါ။

အဲ့ဒီ op-amp ကို 1952 ဒေါ်လာဈေးနဲ့တွက်ရင် $24 ပေးရပါတယ်။

ဆက်လက်ဖေါ်ပြပါမည်

Operational Amplifiers - Part 1

Operational Amplifier အပိုင်း ၁

Operational amplifier ကို op-amp လို့ ခေါ်လေ့ရှိပါတယ်။ အဲ့ဒီ အမည်ကို ၁၉၄၇ မှာ Jhon R. Ragazzini က ပေးခဲ့တာပါ။ Op-amp တွေဟာ analog နဲ့ analog-digital mixed signal processing တွေမှာ မပါမပြီးသလောက် အသုံးများလှပါတယ်။
 Operational Amplifiers

operational amplifier ဆိုတာ ဘာလဲ?

Amplifier ဆိုတာ အားနဲတဲ့ electronic signal တွေကို အားကောင်းလာအောင် ချဲ့ပေးတဲ့ electronic circuit ဖြစ်ပါတယ်။ Amplifier တခု ရဲ့စွမ်းရည်ကို power gain နဲ့တိုင်ပါတယ်။ amplifier ဖြစ်ဘို့ power gain 1 ထက်ကြီးရပါမယ်။
Operation ဆိုတာ Mathematical operation ကို ဆိုလိုပါတယ်။ ဒါကြောင့် operational amplifier ဆိုတာ 
ပေါင်းချင်း၊နှုတ်ခြင်း၊မြှောက်ခြင်း၊စားခြင်း၊ integrate differentiate ........စတဲ့ အလုပ်တွေလုပ်နိုင်တဲ့ amplifier အမျိုးအစားပါ။ တနည်း အားဖြင့် analog computer ပါ။ computer ဖြစ်တဲ့ အတွက် analog processing တိုင်းလိုလိုမှာ အသုံးဝင်ပါတယ်။ 

Operational Amplifier ဖြစ်ပေါ်လာပုံ

amplifier ကို ဟိုတုန်းက telephone နဲ့ radio တွေမှာ အသုံးများပါတယ်။ အလွန်ဝေးတဲ့ အကွာအဝေးကိုရောက်နိုင်ရန် အားနဲတဲ့ signal ကို amplifier အဆင့်ဆင့်နဲ့ ချဲ့ရပါတယ်။ signal အားကောင်းလာပေမဲ့လည်း ပုံပျက်လာပါတယ်။ signal အားကောင်းလာလေ amplifier တွေရဲ့ linear မဖြစ်မှုကြောင့် distortion တွေဖြစ်တာပါ။

Amplifier တွေကို linear ဖြစ်အောင်လုပ်နည်းကို Bell Labs က အင်ဂျင်နီယာ တယောက်ဖြစ်တဲ့ Harold Black ပုံ(၁) က ၁၉၂၇ မှာ တွေ့ရှိပါတယ်။ အဲ့ဒါက negative feedback နည်းပါ။ negative feedback ဟာ amplifier တွေရဲ့ distortion ကို လျှော့ချနိုင်ပေမဲ့ ပြဿနာတွေရှိပါတယ်။ ပထမတချက်က gain များစွာကို အသုံးပြုရတဲ့အတွက် ချဲ့အားကောင်းတဲ့ amplifier တွေလိုပါတယ်။ အဲ့ဒီအချိန်က gain များများရဘို့ဆိုတာ အလွန်ကုန်ကျစရိတ်များပါတယ်။ ဒုတိယတချက်က ပိုဆိုးပါတယ်။ oscillation ဖြစ်တဲ့ပြဿနာပါ။ negative feedback ဟာ gain များလာရင် stable မဖြစ်တော့ပါ။ 1940 လောက်မှ အထိ ပညာရှင်အများစုဟာ ဒီပြဿနာကို သေချာစွာနားလည်ကြပေမဲ့ မရှင်းနိုင်ခဲ့ပါ။

၁၉၄၅ မှာ H.W Bode ပုံ(၂) က feedback system တခုကို stable ဖြစ်မဖြစ် graph ဆွဲပြီး စစ်ဆေးတဲ့နည်း ကို ဖေါ်ပြခဲ့ပါတယ်။Bode ကလည်း Bell Labs ကပါဘဲ။ bode plots လို့ လူသိများပါတယ်။ အဲ့ဒီအချိန်ကစပြီး operational amplifier ကို ပိုနားလည်လာကြပြီး အသုံပြုရလည်း လွယ်လာတဲ့အတွက် သုံးတဲ့သူများလာပါတယ်။
ဆက်လက်ဖေါ်ပြပါမည်။

ပုံ(၁) Harold Black


ပုံ(၂) Hendrik Wade Bode